9. " နီးစပ်ချင်ခဲ့ရုံ "

4K 272 31
                                    

>> Unicode <<
~~~~~~~~~~~~

" ကျွန်တော်ဒီနေ့အထိကို အကို့အကြောင်း ဘာဆိုဘာမှမပြောခဲ့ဘူးနော်.. "

သံလွင်ပြောတာကို ဇက်က မမှိတ်မသုဉ်ကြည့်ရင်း နားထောင်နေသည်။ လက်ပိုက်ရင်း မီးတိုင်ကိုမှီကာရပ်နေတဲ့သူရဲ့အရပ်ကြီးက မော်ဒယ်လ်တစ်ယောက်ရဲ့အရပ်မောင်းလောက်ကို ရှည်တာမို့ သံလွင်မှာ မော့ကြည့်နေရ၏။

သူက သံလွင်တိတ်နေတာကို ဆက်ပြောဆိုသည့်သဘောနှင့် မေးဆတ်ပြ၏။

" အဲ့..အဲ့ဒါကြောင့်... အကိုကျွန်တော့်ကိုစောင့်ကြည့်နေစရာမလိုပါဘူး "

" စောင့်ကြည့်တယ် ? "

" ဟုတ်တယ်.. ကျွန်တော်သိတယ်၊ အကိုကျွန်ဝောာ့်ကိုစောင့်ကြည့်နေတာ၊ ကျွန်တော်အကို့ကိုကြောက်မှန်းသိလို့ တမင်သက်သက်ကိုလန့်အောင်လုပ်နေတာ၊ ကျွန်တော်.. ကျွန်တော် ဘယ်သူ့ကိုမှဘာမှမပြောခဲ့ဘူး တကယ် "

ဇက် ပြုံးသွားသည်။ ထိုအပြုံးတွေကို တွေတွေကလေးငေးနေတဲ့သံလွင်မှာ သူပြောလာမဲ့ ပဟေဠိဆန်ဆန်စကားတွေကို မျက်လုံးလေးအဝိုင်းသားနှင့် စောင့်ဆိုင်းနေရပြန်၏။

" စောင့်ကြည့်တယ်လို့ထင်တယ်ပေါ့ မင်းက "

" ဟုတ်တယ်လေ "

" ဟုတ်တယ် စောင့်ကြည့်နေတာ၊ မင်းက စောက်ရမ်းချစ်ဖို့ကောင်းလို့ "

" ဗျာ.. "

" ငါအခုနမ်းလိုက်မယ်ဆိုရင် စိတ်မရှိဘူးမလား "

ဆိုပြီး မျက်နှာကြီးရှေ့တိုးလာသူကြောင့် သံလွင် မျက်လုံး‌တွေပြူးကျယ်ကာ အမြန်ဆန်အနောက်ဆုတ်လိုက်ရသည်။ လူတွေလှုပ်ရှားသွားလာနေတဲ့လမ်းမကြီးရဲ့ဘေးမှာကို ဒီလူ ဘယ်လိုဖြစ်နေပါလိမ့်။

သံလွင်ဖြစ်သွားတဲ့ပုံစံက သူ့အတွက် သိပ်ရယ်ရသလားပဲ။ လက်တစ်ဖက်က သံလွင့်ရဲ့ဆံကင်တွေကို လာဖွရင်း..

" ငါ့ကိုလက်ခံလိုက်လို့ ပြောထားတယ်မလား "

" လက်မခံချင်ဘူး.. "

ဇက်ရဲ့ရယ်သံတွေတ်ိမ်ဝင်သွားကာ ပြုံးရင်းသာ စိုက်ကြည့်သည်။ သံလွင်လည်း ပြောကိုပြောရမည့်စကားတွေမို့ ထပ်ပြီးတွန့်ဆုတ်မနေတော့ဘဲ ရှိသမျှသတ္တိတွေကိုစုစည်းပြီး ဆက်ပြောလိုက်၏။

𝑍 [ Completed ]Where stories live. Discover now