>> Unicode <<
~~~~~~~~~~~~မှိုင်းပြာရီဝေသောမိုးသားများအောက် ဖြူးမြို့လေးမှာ အိပ်စက်အနားယူလျက်ရှိသည်။ မိုးစက်များက ထီးပေါ်ကတဆင့် သံလွင့်ရဲ့လက်ဖဝါးလေးထဲ ခုန်ပေါက်သက်ဆင်းကြ၏။ အေးမြသောလေပြည်တစ်ချက်အဝေ့မှာတော့ ဆတ်ခနဲတုန်သွားတဲ့ကိုယ်လေး။
ဒီရက်တွေမှာ ရာသီဥတုက တကယ်အေးလွန်းတယ်။
အချိန်က ည ၉ နာရီထိုးဖို့ မိနစ်အနည်းငယ်သာလိုတော့သည်။ အလုပ်လုပ်တဲ့ဆိုင်မှာ ဝန်ထမ်းနည်းနေတာကြောင့် အချိန်ပိုဆင်းပေးရတဲ့ မမြတ်သွယ်ကို သံလွင်လာစောင့်နေခြင်းပေ။ စက်ဘီးကို သူ(မ)ပဲယူသွားတာမို့ ပြန်လာမဲ့အချိန်ကိုမှန်းဆပြီး လမ်းထိပ်မှာပဲ သံလွင်ထွက်စောင့်နေလိုက်သည်။ ညဘက်ဆို သံလွင်တို့လမ်းလေးက လူပြတ်သည်။ ဒီညမှ မီးကပါပျက်နေသေး၏။
မိုးက တဖြည်းဖြည်းပိုသည်းလာခဲ့သည်။ ထိုအချိန် သံလွင်ရပ်နေသည့် လမ်းညွှန်ဆိုင်ဘုတ်နှင့်မလှမ်းမကမ်းမှာ ကားတစ်စီးရပ်သည်။ မျက်လုံးတွေကျိန်းသွားစေတဲ့ကားမီးကြောင့် သံလွင်သေချာမတွေ့ရသော်လည်း ကားပေါ်မှလူတစ်ယောက်ဆင်းလာတာကို ထင်ထင်ရှားရှားမြင်လိုက်ပါသည်။
" သူ " များလား။
တွေးလိုက်မိသည်နှင့် ခေါင်းလေးစောင်းကာ သံလွင့်မျက်လုံးများက ထိုလူဆီကိုရောက်သွား၏။ သူက ကားပေါ်ကလူကို တစ်ခုခုလှမ်းပြောနေပြီး ကားမောင်းထွက်သွားမှ သံလွင်ရပ်နေတဲ့လမ်းဘက်ကို လှည့်လျှောက်လာသည်။
တကယ်ပဲ သူလား။
ဘုရားရေ! ငါ့ကိုမမြင်ပါစေနဲ့ ။" ချာတိတ် ? "
ဟာ.. ငါလခွမ်းတဲ့မှ !!
" ဗျာ.. "
" ဘာရပ်လုပ်နေတာလဲ အမှောင်ကြီးထဲ "
မိုးရေတွေစိုနေပြီး အိတ်တစ်လုံးလွယ်ထားတဲ့ သူက သံလွင့်အနားကိုတိုးကပ်လာသည်။
" မမကိုစောင့်နေတာ၊ မမအလုပ်ဆင်းလာတော့မှာမို့.. "
" အေးလိုက်တာကွာ "
ဆိုပြီး ထီးအောက်ထဲဝင်လာတဲ့သူကြောင့် သူ့ကိုယ်ပေါ်ကျတဲ့မိုးစက်တွေက သံလွင့်ကိုပါလာစင်၏။ အရပ်ကြီးမိုးထိုးနေတဲ့လူက အတင်းကာရောတိုးဝင်လာလေတော့ သံလွင်ကိုင်ထားတဲ့ထီးလေးကို အနည်းငယ်မြှောက်လိုက်ရသည်။
YOU ARE READING
𝑍 [ Completed ]
Short Story" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "