10. " ငါ့ကို အကြာကြီးစောင့်‌စေချင်တာလား "

3.9K 262 32
                                    

>> Unicode <<
~~~~~~~~~~~~

စက်ဘီးခြင်းထဲကိုရောက်လာတဲ့ အပြာရောင်စာအိတ်ကိုကြည့်ပြီး သံလွင်ဆွံ့အ,နေမိသည်။ ပေးတဲ့လူက စက်ဘီးရှေ့မှာပိတ်‌ရပ်နေသေး၏။

" ဒါက ဘာလဲအကို "

သံလွင်မေးလိုက်တော့ သူက ကိုယ်ကိုရှေ့အနည်းငယ်ကိုင်းရင်း စက်ဘီးဟန်ဒယ်လ်ကိုလှမ်းကိုင်ပြီး..

" ရည်းစားစာလေ "

" ဗျာ "

" ရည်းစားစာမရဖူးဘူးလား "

သံလွင် ယောင်နနနှင့်ခေါင်းညိတ်လိုက်၏။ သူကတော့ ရယ်စရာမပါတဲ့စကားကို ရယ်သံပြုရင်းပြောတာ " ထင်သားပဲ " တဲ့။

နောက်နှစ်ရက်လောက်ဆို ရန်ကုန်ကိုသွားဖို့ သံလွင် ဆုံးဖြတ်ထားသည်။ မေမေပြောတဲ့ အ‌ဒေါ့်ရဲ့ကားဝပ်ရှော့မှာ အလုပ်သွားလုပ်မည်။ မေမေက သူ(မ)အတွက်စိတ်ချဖို့ချည်းတဖွဖွပြော၍ သံလွင်လည်း ကိုယ့်ပြဿနာအတွက်ပဲ ဦးစားပေးပြီး ဆုံးဖြတ်လိုက်ခြင်းပေ။

" လွှင့်မပစ်ရဘူးနော် "

" မပစ်ပါဘူးဗျ "

" ပြီးရော.. "

စကားဆုံးပြီအထင်နှင့် သံလွင်ရှောင်ထွက်သွားဖို့ပြင်တော့ ဟန်ဒယ်လ်ထိန်းထားတဲ့ လက်တစ်ဖက်ကိုဆုပ်ကိုင်လာ၏။ သံလွင့်မှာ ထုံးစံအတိုင်း မျက်လုံးလေးအဝိုင်းသားနှင့်ကြည့်နေစဉ် သူက အနားကပ်လာပြီး..

" အဖြေကိုကြားရဖို့ ဘယ်လောက်စောင့်ရမှာလဲ "

" ဗျာ.. အဲ့ဒါက.. "

" အတိကျသိချင်တယ် "

" အာ.. "

သံလွင် ခေါင်းလေးကုပ်ပြီး စဉ်းစားသည်။ အူကြောင်ကြောင်လုပ်နေရင် ဖက်နမ်းပစ်မယ်လို့ အကြိမ်းခံထားရတာကြောင့် မျက်လုံးချင်းတောင်မစုံတော့တဲ့သံလွင်တစ်ယောက် အကြပ်ရိုက်နေတော့၏။ သေချာတာတစ်ခုကတော့ဖြင့် သံလွင့်မယ် ထိုလူသားအတွက် အဖြေဆိုတာမရှိ။

" ဖြေလေ ချာတိတ် "

" ဟို.. သုံး .. "

" သုံးမိနစ် ? "

" ဟင် မဟုတ်ဘူးလေ ! "

" သုံးနာရီ ? "

" သုံးလ !! "

𝑍 [ Completed ]Where stories live. Discover now