>> Unicode <<
~~~~~~~~~~~~" အကို ကျွန်တော်ပြန်ရမယ် "
ဇက်က သံလွင့်စကားကိုနားမထောင်။ လက်မောင်းက နီရဲနေတဲ့အရှိူးရာတွေကိုသာ ဆေးလိမ်းပေးနေသည်။ ပူထူပြီးနာနေတဲ့ဒဏ်ရာတွေကို သေချာလေးလိမ်းပေးနေပုံက ဂရုတစိုက်နှင့်ညင်ညင်သာသာ။ သံလွင်လည်း အငိုတိတ်သွားပေမဲ့ နှာတရှုပ်ရှုပ်နှင့် ဇက်လုပ်သမျှကို ငြိမ်ငြိမ်လေးထိုင်ကြည့်နေ၏။
အရိုက်ခံရပြီးတည်းက အငိုမတိတ်တဲ့သံလွင့်ကို ဇက်က သူ့အခန်းဆီကိုသာ ပြန်ခေါ်လာခြင်းပေ။
" ဘာဖြစ်လို့ဒီလောက်ရိုက်ရတာလဲ "
" တစ်ညလုံးပြန်မလာလို့ ပြီးတော့.. ဘီယာနံ့တွေရနေလို့ "
သံလွင့်ပုံစံက အားကိုးတကြီးတိုင်နေသည့်ရုပ်လေး။ ဇက်က ခေါင်းသာတစ်ချက်ညိတ်ပြပြီး လိပ်တင်ထားတဲ့အင်္ကျီစလေးကို ပြန်ဆွဲချပေး၏။ ပြီးနောက် ထထွက်သွားပြီး ရေချိုးခန်းထဲဝင်သွားသည်။ သံလွင်လည်း အခန်းထဲကိုဝေ့ဝဲကြည့်ရင်းစပ်စုကြည့်လိုက်တော့ အခုမှပဲ အလင်းရောင်ကောင်းစွာရတဲ့အခန်းကို သေချာမြင်ရတော့သည်။
အခန်းက ကျယ်တယ်ထင်ရသော်လည်း ဇက်တစ်ယောက်တည်းအတွက်တော့ လုံလောက်တဲ့အကျယ်ဝန်းလို့ဆိုရမည်။ ပရိဘောဂလည်းများများစားစားမရှိချေ။ အစောပိုင်းက သံလွင်မြင်ခဲ့တဲ့ လက်ဆွဲအိတ်အမည်းတွေက ဇက်ရဲ့အဝတ်စားတွေဖြစ်မည်။ ခရီးဆောင်အိတ်ကြီးတစ်လုံးလည်းရှိသေး။ အသေးစားရေခဲသေတ္တာတစ်လုံးကိုတော့ အခုမှသတိထားမိသည်။ ခြေချစရာမရှိအောင်ရှုပ်ပွနေတာမျိုးမဟုတ်ဘဲ ပစ္စည်းတွေကသူ့နေရာနှင့်သူ သပ်သပ်ရပ်ရပ်။
" ခေါက်ဆွဲပြုတ်စားမလား "
ရေချိုးခန်းထဲကပြန်ထွက်လာတဲ့ ဇက်က ရေခဲသေတ္တာနားရောက်သွားပြီး အသင့်စားခေါက်ဆွဲခြောက်ဘူးထုတ်ပြီး သံလွင့်ဘက်ကို လှမ်းပြသည်။
" မစားတော့ဘူး၊ ကျွန်တော်ပြန်... "
" ပြန်ဖို့ပဲပြောနေတာပဲကွာ.. မင်းမျက်နှာမြင်မှ မင်းအမေကဒေါကန်ပြီး ထပ်ဆော်ရင် ငါလာမခေါ်တော့ဘူးနော် "
YOU ARE READING
𝑍 [ Completed ]
Short Story" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "