16. " မင်းက အရမ်းလိမ္မာတာပဲ "

4.3K 259 16
                                    

>> Unicode <<
~~~~~~~~~~~~

ဇက်နဲ့ အဲ့ဒီမိန်းကလေးကချစ်သူတွေ။ ချစ်သူသက်တမ်း ၁ နှစ်ပြည့်ခါနီးမှာ မိန်းကလေးကဖောက်ပြန်နေခဲ့တာကို ဇက်ကလက်ပူးလက်ကြပ်မိသွားသတဲ့။ ပြင်ဆင်ဖို့အခွင့်ရေးပေးခဲ့တာတောင် သူ(မ)က ဒီလိုအမှားမျိုးကို ထပ်ပြီးကျူးလွန်ခဲ့လို့ ဇက်က စိတ်လိုက်မာန်ပါတုံ့ပြန်မိသွားတာတဲ့။ ဒါက ဇက်ကိုယ်တိုင်ပြောပြခဲ့တဲ့အကြောင်းတွေ..။

ဒီလိုလူနဲ့ပတ်သက်နေမိတာ အခုထိ ကျွန်တော့်အတွက် အိပ်မက်ဆန်တုန်းပဲ။ မှားနေပြီဆိုတာ ဦးနှောက်ကသိနေပေမဲ့ နှလုံးသားကတော့ ငြင်းဆန်နေဆဲ။ ဘာဆက်ဖြစ်မလဲဆိုတာ မတွေးတတ်တဲ့အဆုံး " ဇက်ရဲ့အနားမှာ " ဆိုတဲ့အသိနှင့် ဆင်ခြင်တုံတရားဟာခြေစုံရပ်ခဲ့တယ်။

ဇက်ရန်ကုန်သွားတာ ဒီနေ့ဆိုရင် ၅ ရက်ရှိပြီ။ ညဘက်တွေမှာ " မင်းအသံလေးကြားချင်လို့ " ဆိုတဲ့အကြောင်းပြချက်နဲ့ ဖုန်းခေါ်တတ်တဲ့သူကြောင့် ကျွန်တော်လည်း ဇက်ရဲ့ဖုန်းကိုမျှော်နေတတ်ပြီ။ ကျွန်တော်မျှော်နေတာကို ဇက်လည်းသိပါတယ်။ ညဆယ်နာရီမှာ ဇက် ကျွန်တော့်ကိုဖုန်းခေါ်တယ်။

" လွမ်းနေတာ "

" ကျွန်တော်လည်း ဇက်ကိုသတိရပါတယ် "

" ငါ့ကြောင့် အိပ်မက်ဆိုးတွေမက်သေးလား "

ဇက်က အကြောင်းသိနေသလိုမေးသည်။

" ဘာအိပ်မက်ဆိုးမှ မမက်ပါဘူး "

" ကောင်းတယ် မင်းမှာအိပ်မက်ဆိုးဆိုတာမရှိစေချင်ဘူး၊ ငါကပဲ မင်းရဲ့အိပ်မက်ဆိုးဖြစ်လိုက်မယ် "

လေလှိုင်းထဲက ရယ်သံရှတတကိုကြားရုံနှင့် အပြုံးမျက်နှာကို သံလွင်မြင်ယောင်လာ၏။ ပြောလိုက်တဲ့စကားရဲ့အနက်အဓိပ္ပာယ်ကိုသိနိုင်ဖို့ သံလွင့်ဦးနှောက်က တုံးလွန်းတယ်ထင်ပါ့။ ထူးဆန်းတဲ့စကားတွေပြောတတ်တာကိုက မထူးဆန်းတော့တဲ့အထိကို ဇက်ဟာ သူ့နှလုံးသားထဲနေရာယူထားလေသည်။

" ချာတိတ် "

" ဗျာ "

" မွေးနေ့လက်ဆောင်ဘာလိုချင်လဲ "

𝑍 [ Completed ]Where stories live. Discover now