15. " ငါ့မှာမင်းပဲရှိတာ "

3.8K 264 8
                                    

>> Unicode <<
~~~~~~~~~~~~

" မသွားရပါဘူး၊ မတော်လို့နင့်ကိုရောင်းစားလိုက်ရင် ဘယ့်နှယ့်လုပ်မလဲ သံလွင် "

အဖြေကိုသိပြီးသားဖြစ်ပေမဲ့ ရလိုရငြားပြောကြည့်ခြင်း။ ထင်တဲ့အတိုင်းကို ရန်ကုန်မှာ အလုပ်လုပ်မည့်ကိစ္စကို မေမေကခွင့်မပြုပေ။

ဒီနေ့လည်း ရာသီဥတုဟာ မြောက်အရပ်မှာမိုးတွေစွေပြီး လေပြည်အေးများတိုက်ခတ်‌သည်။ ဆိုင်သိမ်းပြီးမှ သံလွင် အိမ်ကထွက်လာခဲ့၏။ ဒီနေ့ က ဇက် ရန်ကုန်သွားမည့်နေ့။

ဇက်ရဲ့အခန်းကျဉ်းမှာ ထုံးစံအတိုင်းမှောင်ရိပ်ကျလျက်။ သံလွင်ရောက်မှ ဝရန်တာကတံခါးချပ်တွေလိုက်ဖွင့်သည်။ ရေချိုးခန်းထဲက ထွက်လာတဲ့ဇက်က အနားကိုရောက်လာပြီး သံလွင့်ကိုယ်လေးကို ဆတ်ခနဲပွေ့ဖက်လာ၏။

" ဇက် ! "

" လွမ်းနေတာ "

ရေစက်တွေနှင့် ဇက်ရဲ့အသားက အေးစက်နေသည်။ သံလွင်ခေါင်းလေးစောင်းကာလှည့်ကြည့်တော့ ဇက်က သူ့ပါးကိုလှမ်းနမ်းလေသည်။

" တံခါးပြန်ပိတ်လိုက် "

" ဘာဖြစ်လို့လဲ၊ ဇက်အခန်းကမှောင်နေတာလေ "

" လင်းနေတာမကြိုက်လို့ "

" ဇက်ကလည်း... "

" ပိတ်လိုက်ပါကွာ၊ ချာတိတ်ကလိမ္မာတယ် "

ဖက်ထားတဲ့လက်တွေဟာ ရင်ဘတ်နားတဝိုက်မှာပွတ်သီးပွတ်သပ်။ အေးစက်နေတဲ့နှာဖျားလေးကလည်း သံလွင့်ရဲ့လည်တိုင်‌တစ်လျှောက်ကိုလိုက်နမ်းနေ၏။

" ဇက်... ခဏ.. ခဏလေး.. တံခါးပိတ်ဦးမယ် "

ကျွန်တော်မရဖူးတဲ့အကြင်နာတွေ ဇက်ကပေးတယ်။ ဒါကြောင့်ပဲ ဇက်ရဲ့သရုပ်မှန်ကိုစဉ်းစားနေမဲ့အစား ရရှိလိုက်တဲ့နွေးထွေးမှုတွေမှာ ကျွန်တော်ပျော်မွေ့လာတယ်။

ဝရန်တာတံခါးတွေကိုပိတ်ပြီးတော့မှ ဇက်အတွက် ပုဝါတစ်ထည်လည်း အပြေးလွှားယူပေးရသည်။ သို့ပေမဲ့ ထိုလူသားဟာ ပုဝါကိုမယူ။ ပုဝါကိုင်ထားတဲ့သံလွင့်လက်ကိုသာဖမ်းဆွဲပြီး နှုတ်ခမ်းများကိုနမ်းရှိုက်လေ၏။

𝑍 [ Completed ]Where stories live. Discover now