>> Unicode <<
~~~~~~~~~~~~ဖြူးမြို့လေးရဲ့ညနေခင်းမှာ နေရောင်ခြည်နုနုက လမ်းသွယ်လေးပေါ် ဖြန့်ကျက်ပေးထား၏။ နေ့စဉ်ရက်ဆက် ဝဿန်မိုးတို့ဆက်တိုက်ရွာသွန်းပြီးနောက်မှာ နေရောင်ကိုခံစားရတဲ့နေ့တစ်နေ့လည်းဖြစ်၍ ရာသီဥတုကသာယာတယ်ဆိုရမည်။ နေရောင်ကျနေသော်လည်း အပူရှိန်ကိုမခံစားရ။ တိုက်ခတ်သည့်လေပြည်လေညင်းများကအစ အေးချမ်းခြင်းအတိ။
မနက်ဖြန်ခါဆို ဤမြို့ကလေးနှင့်ခွဲခွာရတော့မယ်ဆိုတဲ့အသိက သံလွင့်ရဲ့ရင်ထဲမှာ ဆွေးသွားစေသည်။ ခွဲခွာဖို့အကြောင်းဖန်လာအောင် ကိုယ်တိုင်ပဲရွေးချယ်ခဲ့ပေမဲ့ ဆုံးဖြတ်ချက်ကိုခိုင်မာသွားစေတဲ့အကြောင်းရင်းတွေက အများသား။ အထူးသဖြင့် ဇက် ။ များစွာသောအကြောင်းရင်းတွေထဲမှာ သူကပဲအဓိက။ သူ့ကြောင့်ပဲ ထွက်သွားဖို့ဖြစ်လာခဲ့တာ။
တွေးတောရင်း လမ်းမပေါ်ကိုငေးကာ ငြိမ်သက်နေစဉ် ဘေးကဖုန်းလေးကထမြည်လာ၏။ ယူကြည့်လိုက်တော့ သံလွင်မသိတဲ့နံပါတ်စိမ်းတစ်ခု။ များများစားစားတွေးမနေဘဲ ဖုန်းကိုက်လိုက်မှ တစ်ဖက်ကထွက်လာတာက ဇက်ရဲ့ မြူးတူးနေသည့်အသံ။
" ချာတိတ် ! မင်းအိမ်မှာပဲလား "
ရုတ်တရက် ကြောင်တောင်ကြောင်သွား၏။
" အမ် ဟုတ်တယ်.. ဘာဖြစ်လို့လဲဗျ "
" လာခေါ်မလို့ "
" ဗျာ ? "
" အိမ်ရှေ့ထွက်စောင့်နေ မဟုတ်ရင် အိမ်ထဲထိဝင်ခေါ်မှာ "
ဆိုပြီး ဖုန်းချသွားတဲ့ ဇက် ။ အဝတ်စားတွေမီးပူတိုက်နေတဲ့မေမေ့ကိုလှမ်းကြည့်ပြီး သံလွင် ခြံရှေ့သို့ထွက်လာခဲ့ရသည်။ ဇက်ဆိုတဲ့လူက တကယ်ကြီးအိမ်ထဲဝင်မလာပါဘူးလို့ မပြောနိုင်တာမို့။
သုံးမိနစ်လောက်စောင့်လိုက်ရပြီးနောက် တကယ်ပဲ ဇက်ရောက်လာသည်။ ဘီးလုံးအကြီးကြီးတွေနှင့် ဆိုင်ကယ်အမြင့်ကြီးကို ဟန်ပါပါမောင်းလာတဲ့ဇက်က သံလွင်ရပ်နေတဲ့အရှေ့မှာ ဆိုင်ကယ်ကိုထိုးရပ်လိုက်၏။ အပေါ်က ဂျင်းကုပ်နှင့်အတွင်းအင်္ကျီကတီရှပ်အဖြူ ၊ အောက်ပိုင်းက နက်ပြာရောင်ဂျင်းဘောင်းဘီရှည်နှင့်ရှူးအနက်ကို ဝတ်ဆင်ထားတဲ့ ဇက်ရဲ့ပုံစံကို သံလွင်ငေးမိသွား၏။ အနက်ရောင်အိတ်ကိုလည်း ပုခုံးတစ်ဖက်မှာ သိုင်းလွယ်ထားသေး။ နဖူးပေါ်ကျနေတဲ့ ပွယောင်းယောင်းဆံပင်တွေကို နောက်ကိုလှန်တင်ပြီးနောက် သံလွင့်အား လှည့်ကြည့်ရင်း..
YOU ARE READING
𝑍 [ Completed ]
Historia Corta" အခုကစပြီး မင်းမှာ အိပ်မက်ဆိုးဆိုတာမရှိဘူး ငါကသာ မင်းရဲ့ တစ်ခုတည်းသောအိပ်မက်ဆိုးပဲ "