14. " နှစ်ယောက်အတူတူ "

3.7K 253 6
                                    

>> Unicode <<
~~~~~~~~~~~~

ကပျက်ကချော်နိုင်လှပေမဲ့ ဇက်နဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးက အဆင်ပြေပြေရှိခဲ့တယ်။ မနက်ပိုင်းဆိုင်ထိုင်ပြီး အမေ့ကိုကူတယ်။ ညနေဘက်မှာ ဇက်က ဆိုင်ကယ်ကြီးနဲ့ ကျွန်တော့်ကိုလာခေါ်ပြီး မြို့တစ်ပတ်စီးကြရင်း တစ်ခါတလေ လမ်းဘေးမုန့်ဆိုင်လေးမှာအတူထိုင်ပြီး ရောက်တတ်ရာရာပြောကြတယ်။ ညဘက်တွေမှာတော့ ဇက်ကကျွန်တော့်ကိုဖုန်းဆက်လေ့ရှိတယ်။ ပုံမှန်လည်ပတ်နေတဲ့တစ်နေ့တာမှာ ဇက်ပါဝင်လာခြင်းက အများကြီးပြောင်းလဲသွားစေတယ်။ အချစ်အကြောင်းမသိတဲ့ကျွန်တော့်ကို ဇက်က မကြာခဏဆိုသလိုချစ်တဲ့အကြောင်းပြောတတ်တယ်။

ဇက်ရဲ့အပြုံးတွေက ကျွန်တော့်ရဲ့သံသယတွေကို အရည်ဖျော်ပစ်လိုက်သလိုပဲ။ မျက်စိစုံမှိတ်မယုံကြည်နိုင်ပေမဲ့လည်း ဇက်အကြောင်းတွေပိုသိချင်လာတယ်။ သူလူသတ်ခဲ့တယ်ဆိုတဲ့အသိက ကျွန်တော့်ခေါင်းထဲ သံမှိုစွဲသလို မြဲနေပြီးသား။ ပြီးတော့ ပြောင်းလဲသွားမှာလည်းမဟုတ်ဘူးလေ။

ဖန်ခွက်ထဲကျန်နေတဲ့ ဇီးဖျော်ရည်ကို ပိုက်လေးနှင့်မွှေရင်း သံလွင်မေးလိုက်သည်။

" ကျွန်တော်သိချင်တာရှိတယ် အကို "

" သိချင်ရင်မေးလေ "

" ကျွန်တော်မေးရင် အကိုကဖြေချင်ပါ့မလား "

" ဒါကတော့ မေးခွန်းအပေါ်မူတည်တာပေါ့ကွာ "

ပြောရင်း သံလွင့်လက်တစ်ဖက်ကိုဆွဲယူပြီး ဆုပ်ကိုင်ထား၏။ သံလွင်ကအရှက်သည်းသလောက် ဇက်ကတော့ ပတ်ဝန်းကျင်လည်းဂရုမစိုက်ပေ။

စဉ်းစားရင်း တွေဝေနေတဲ့ သံလွင့်ကိုကြည့်ကာ ခပ်သောသောရယ်နေတဲ့ ဇက် ။ လက်တစ်ဖက်ကလည်း သံလွင့်ရဲ့ဆံပင်တွေကို ထိုးဖွလာသေး။

" မင်းမေးချင်နေတာကို ငါသိတယ် "

သံလွင် ဖျတ်ခနဲလှမ်းကြည့်၏။ သူ့စကားမှာ သိပ်ကိုသေချာနေတဲ့အပြုံးတွေ ဇက်ရဲ့ချောမောသည့်မျက်နှာမှာတွေ့ရသည်။

" အကိုထင်သလိုမဟုတ်ဘူး "

" ဒါဆို ? "

" အရင်နေ့တွေက ကျွန်တော်တွေ့နေတာ အကို့ကို ကားတစ်စီးကလာလာခေါ်နေတာလေ၊ အဲ့ဒါဘယ်သွားတာလဲလို့ "

𝑍 [ Completed ]Where stories live. Discover now