Part 3

289 6 2
                                    


ဒီ‌နေ့မှ Win ဘာဖြစ်တယ်ရယ် မသိ။ မားမားကို သတိရနေမိလေသည်။

"မားမား"

မားမား နာမည်ကို ခေါ်မိမှ သူ မားမား နှင့် ပါးပါးအား အဆက်အသွယ်မလုပ်ရသည့်မှာ ဖိဘိုက်နှင့် လက်ထပ်ပြီး Chivaaree စံအိမ် ကို ရောက်ချိန်ကတည်းကပင်။ ဖိဘိုက်က သူ့အား အိမ်သို့ အဆက်အသွယ် လုပ်ခွင့်မပြုသလို အိမ်ထဲမှ အိမ်ပြင်ပင် ထွက်ခွင့်မပေးခဲ့ပေ။

ဒီ‌‌နေ့တော့ ဖိဘိုက်မရှိတုန်း အိမ်သို့ ဖုန်းဆက်ရန် သူ ဦးတည်လိုက်လေသည်။ 

"ဟယ်လို"

"သားလေးလား"

"မားမား"

တစ်ဖက်က မားမား အသံကြားမှ Win ဟီးတိုက်ငိုချလိုက်မိလေသည်။

"သားလေး၊ မားမား သား‌လေး အဆင်ပြေရဲ့လား သားလေး"

"ဟုတ် သား အဆင်ပြေပါတယ် မားမား"

"ဒါဆို ဘာလို့ ငိုနေတာလဲ Win‌လေးရယ်၊ မငိုနဲ့ တိတ်တော့နော် Win‌လေး"

"ဟုတ် ဟုတ်ကဲ့မားမား"

သားသမီးဆိုတာ မိဘနှင့် တွေ့ရင် ဝမ်းနည်းစရာတွေ ကြုံရရင် ငိုတတ်မြဲပင် မဟုတ်လား။

"Win မားဆီ လာချင်တယ် မားမား"

"တောက်!"

Win ဖုန်းပြောနေရင်း နောက်ပါးဆီမှ  အသံကြောင့် Win အသားလေးတွေ တဆက်ဆက်တုန်ကာ

"ဖိ ဖိဘိုက်"

သူ့လက်ထဲမှ ဖုန်းကို ဆွဲလုလိုက်ပြီး စက်ပါပိတ်လိုက်လေသူက Bright။

"ဖိ ဖိဘိုက် ဘာလုပ်တာလဲ၊ Win မားမားနဲ့ စကားပြောနေတာ ဖုန်းပြန်ပေး"

"ခွပ်"

"ဟင် ဖိဘိုက်!!"

ကြမ်းပြင်ပေါ်မှာ တစ်စစီ ကွဲကြေသွားရသည့် Winရဲ့ ဖုန်းလေး။ Win ဝမ်းနည်းစိတ်ဖြင့် ဆောင့်အော်လိုက်မိလေသည်။  Bright မျက်ခုံးကြီးတွေ တွန့်ကြုတ်ကာ ဒေါသတကြီး သူ့ကို ဆွဲခါလိုက်ပြီး

"မင်းမှာ အဲ့လို အော်ပိုင်ခွင့် ရှိလား  ငါ့ကို ပြောစမ်း၊ မလောက်လေး မလောက်စား၊ လက်တောက်လောက်က ငါ့ကို ပြန်အော် နေတယ် ၊ တောက် ရာဇဝင်ရိုင်းတယ်၊မင်း လုပ်ချင်တာ လုပ်ရအောင် ဒီအိမ်မှာ ငါ့ခွင့်ပြုချက်မရရင် ရေတောင်သောက်ခွင့် မရှိတာ မင်းမသိဘူးလား Winmetawin"

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now