Part 8

103 4 0
                                    

            
"သားသား မ‌ပြေးနဲ့လေ "

ပါးဖောင်း‌ဖောင်း၊အုန်းမွှေးလုံးကေ ဆံပင်ပျော့ပျော့လေးများနှင့်
ဒယ်ဒီ Bright ရဲ့အမြွေဖစ်တဲ့ နှုတ်ခမ်းလှလှလေးတစ်စုံအပြင် ပါပါး Win ရဲ့အမွေ ယုန်သွားလေးနှစ်ချောင်းကိုပါရထားတဲ့ တကယ့် ချစ်စရာအတိ Bunny လေးကတော့ Bright ရဲ့ကိုယ်ပွားလေးပင်။

အခုလည်း ဘုရားရင်ပြင်ပေါ် ပြေးလွှားဆော့ကစားနေလေရဲ့။
ကြမ်းတွေက‌ချောနေသဖြင့် ချော်လဲမှာဆိုးတာ‌ကြောင့် Win ကြည့်ပြီး ‌ပြောနေရခြင်းပင်။

"ပါပါးကလည်း သားသားက အရမ်းဆော့တာ ဟုတ်ပါဘူး"

ဘုရားတန်ဆောင်းမှာ ထိုင်နေသော  Win အနားကို ‌ပြေးလာပြီး တဖက်မှာဝင်ထိုင်ကာ ယုန်သွားလေးနှစ်ချောင်းနဲ့ရယ်ပြရင်း ‌ချစ်စဖွယ်‌ပြောလာ‌တော့ Win သားကို အပြုံးနှင့် ကြည့်ပြီး

"ပါပါးက စိတ်ပူလို့ ပြောတာပါဗျ"

"သားကလည်း ပါပါးကို ချစ်တယ်"

သားရဲ့ အပြုံးတွေက သူ့အတွက်တော့ ချိုမြိန်လှသော အပြုံးလေးများပင်။ နာကျင်စရာတွေ များခဲ့သည့် အတိတ်တွေမှာ  သား‌လေးသာ ရှိမနေခဲ့လေလျှင်။

အတိတ်တွေကို ခါးသီးမှု နှင့် အတူ ဘယ်သောအခါမှ ပြန်မတွေးမိချင်တော့ပါလေ။
                                🖤🖤🖤

"သား တစ်ယောက်ထဲ အဆင်ပြေပါမလား"

Win မားမား အမေးကြောင့် ယဲ့ယဲ့လေး ပြုံးရင်း

"ပြေအောင်တော့ ကြိုးစားရမှာပါပဲ မားမားရယ်၊ တစ်ခုပဲ၊ အဲ့တစ်ခုက သား‌လေးBunny မရှိတဲ့ အတွက် အဆင်ပြေနိုင်အောင် အတော်ကြိုးစားရမယ်"

မားမားက သဘောပေါက်သည့်နှယ် ခေါင်းလေးငြိမ့်ရင်း

"နောက်တော့ သားနေသား ကျသွားမှာပါ"

"ဟုတ်မားမား"

Win ဒုတိယအကြိမ် ဘန်ကောက်‌မြေကို ခြေချရဦးမည်ပေါ့။ ခါးသက်လှသော အတိတ်တွေက Win အတွက် နာကျင်ခါးသက်စရာတွေပင်။

သူ သူရော အဆင်ပြေပါလေစ။ မတွေးချင်သော်လည်း တစ်ခါတစ်လေ အတွေးထဲရောက်လာသည့် သူ့ အကြောင်းတွေက  သူ့ကို မုန်းပစ်ဖို့ တွန်းအားပေးနေသလိုပင်။

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now