Part 14

100 4 0
                                    

🖤အမုန်းနှောင်ကြိုး🖤               (အပိုင်း ၁၄)

Win ‌ပြောလိုက်သည့် စကားလုံးတိုင်းက သူ့ရင်ကို ထိရှလွန်းလေသည်။  အိပ်ယာပေါ် ကျောခိုင်းလှဲချသွားသော တစ်ချိန်က ခင်ပွန်းငယ်ကို သက်မနွေးနွေးရှိုက်၍သာ Bright ပြန်ကြည့်မိလိုက်လေသည်။ ဘယ်သူမပြု မိမိမှုမို့ စောဒဂတော့ မတက်နေချင်တော့ပေ။ ထိုနေ့ ထိုနေ့က ယုန်‌ပေါက်‌လေး ငှါးနေသော အဆောင်ရှိရာ သူ အပြေးသွားမိလေသည်။ Winကို မတွေ့ရလေဘဲ  Love ဆိုသော ကောင်မလေးနှင့်သာ တွေ့ရ၍ အကျိုးအကြောင်းမေးလေတော့ ချင်းမိုင်ပြန်ပြီဟူသော စကားကြောင့် ကားဂိတ်သို့ အပြေးလိုက်ခဲ့မိလေသည်။

ဘန်ကောက်မြို့ပြနှင့်အလွန် အဝေးပြေးလမ်းပေါ်မှာ Win လိုက်ပါသွားသော ကားကို တွေ့ရလေတော့ မိုက်ကန်းစွာပင် ထိုကားအရှေ့တွင် သူ့ ကား ထိုးခံလိုက်ခြင်းပင်။ တိုက်ရင်လည်း တိုက်ပါစေတော့ ဟုသောအတွေးဖြင့် မိုက်မိုက်ကန်းကန်း သူ့ ကားလေး ပိတ်ရပ်လိုက်သော်လည်း ကံကောင်းထောက်မစွာပင် တစ်ဖက်ကားက ဘရိတ်အုပ်မြန်လေသဖြင့် သူ အသက်ရှင်ခွင့် ရခဲ့ခြင်း။ Bright ကြောက်မိသည်။ ဒီတစ်ကြိမ်သာ သူ အနားက Win ပျောက်သွားခဲ့လေလျှင်။ မတွေးချင်သော် အကြောင်းအရာတစ်ခုဆိုသော်လည်း အမှတ်မရှိစွာ ထိတ်လန့်ကြောက်ရွံ့မိနေမိပြန်သည်။ ဒါကို အချစ်ဟု ခေါင်းစဉ် မတပ်ချင်သေးသော်လည်း သူနှင့် အဝေးကို ပြေးထွက်သွားမည့်ကိုတော့ သူ လုံးဝမလိုလားခဲ့ပေ။

"ထွက်မပြေးပါနဲ့ ဒီတစ်ခါသာ မင်းထွက်ပြေးခဲ့ရင်"

သူကို နောက်ကျောပေးအိပ်နေသော ယုန်ပေါက်လေးရဲ့ ကျောပြင်လေးကို ငေးကြည့်ရင်း သက်ပြင်းမောကိုသာ အကြိမ်ကြိမ်ရှိုက်မိလေသည်။ အရင် အချိန်တွေသာ နောက်ပြန်လှည့်လို့ ရလျှင် အရင်အချိန်တွေဆီ ပြန်သွားချင်မိပါသေးသည်။
                                🖤🖤🖤

"သားသားက ပါပါးကို လွမ်းနေတာ"

ဖုန်းစခရင်ပေါ်မှ သားရဲ့ ပုံရိပ်လေးကို ကြည့်ပြီး Win သတိလက်လွှတ်ပြုံးမိလိုက်လေသည်။

"ပါပါး အသဲလေးကို ပါပါးကလည်း လွမ်းနေတာပါကွာ"

"ဘယ်တော့ပြန်လာမှာလဲဟင် ပါပါး"

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now