"May May!!!""ရှင်လာပါပြီ မမလေး"
Pam၏ အခန်းထဲမှ ကျယ်လောင်စွာ ခေါ်သံကြောင့် May အပေါ်ထပ်ရှိ Pam အခန်းရှိရာသို့ ပြေးတက်ခဲ့လေသည်။
"ကျွန်မရောက်ပါပြီ မမလေး"
"အား"
ဆောင့်တွန်းခံလိုက်ရသဖြင့် လူက အဝတ်ဗီရိုနှင့် တိုက်မိလျှက်သား ဖြစ်သွားရလေသည်။
"ကောင်မ အေးချမ်းနေတဲ့ ငါတို့ မိသားစု ဘဝထဲ လာရှုပ်တာ နင်လွန်တယ်လို့ မထင်ဘူးလား"
May ဆံပင်တွေလည်း ဆောင့်ဆွဲခံလိုက်ရသဖြင့် နာကျင်လွန်းသဖြင့်
"တောင်းပန်ပါတယ် တောင်းပန်ပါတယ်၊ ကျွန်မ ရှုပ်တာမဟုတ်ပါဘူး မမလေးရယ် ဟီး ဟီး"
"ဘာအခုမှတောင်းပန်တာလဲ ၊ ဒီမလာခင်ကတည်းက နင့် ဦးနှောက်ကြီးက သေချာစဉ်းစားလေ ၊ ဖြုတ်ဦးနှောက်သာသာနဲ့၊ သွားထွက်သွား၊ နင့် မျက်နှာကို မြင်နေရတာ ငါ့အတွက် ငရဲပဲ"
May တစ်ယောက် Pam အခန်းထဲမှ ထွက်ခဲ့လိုက်လေသသည်။ ယိုင်နဲ့သော ခြေလှမ်းများဖြင့် ပြေးထွက်လာသော ကောင်မလေး ၏ မျက်နှာပေါ်တွင်လည်း မျက်ရည်စီးကြောင်းများ အပြည့်ပင်။
ကြမ်းတမ်းလှသော ထိုကောင်မလေးရဲ့ ဘဝကို ဘယ်သူကများကိုယ်ချင်းစာပေးမည်နည်း။
🖤🖤🖤"ကိုကို Pam ကြောက်တယ်"
နေ့တစ်ပိုင်း ကျောင်းခိုးပြေးကာ ချစ်ရသူနှင့် လိုက်ခဲ့ခြင်းပင်။ Mike Pam ဆံသားလေးတွေကို ဖွဖွလေး သပ်တင်ပေးရင်း
"ဘာကြောက်စရာရှိလဲ ကိုယ် ရှိနေတာပဲ ၊ စိတ်ချပါ ကိုကို Pamကို ပစ်မထားခဲ့ပါဘူး၊ ကိုယ် Pamကို လက်ထပ်မှာပါ"
"Pam ယုံကြည်နေမယ်နော်"
ထိုနေ့က ဘဝတစ်ခုလုံးပုံအောပေးခဲ့ရသည့် ယောကျာ်းက Pamကို ပစ်သွားမည့်ဟု ဘယ်သောအခါမှ မထင်မိခဲ့မိပေ။
၂ လခန့် အကြာ~~~~
"Pam သိပြီးပြီလား"
သူငယ်ချင်းမ Nan ရဲ့ စကားကြောင့် Pam မျက်ခုံးကို ပင့်လိုက်ပြီး
"ဘာကို သိရမှာလဲ"
"ညက Mike ဆိုင်ကယ် accident ဖြစ်ပြီး ဆုံးပြီတဲ့"