Part 22

123 1 0
                                    


"Win လက်မခံပါစေနဲ့ P' Nan၊ တကယ်တော့ Win တို့က အစထဲက စိမ်းသက်နေပြီးသားပဲ"

Win ငြင်းမည်ကို ကြိုသိထားပြီးသားမို့၊ Nan Winကို အသနားခံသော မျက်လုံးများဖြင့်ကြည့်ကာ

"တောင်းဆိုပါတယ်သားလေးရယ်၊ ဒါဟာ Pam ရဲ့နောက်ဆုံးဆန္ဒဖြစ်နေလို့ပါ"

"Win အတွက်မလိုအပ်ပါဘူး၊ တကယ် ပေးရမှာအဆင်ပြေမယ်ဆို မိဘမဲ့ဂေဟာဖြစ်ဖြစ် ဘိုးဘွားရိပ်သာဖြစ်ဖြစ်လှူလိုက်ပါ"

"သားရယ်"

အရာအားလုံးကို စွန့်လွှတ်သွားသူတစ်ယောက်၊ လောဘ မောဟတွေနဲ့ ပူလောင်ခြင်းများကိုစွန့်လွှတ်ကာ သူမဘဝအတွက် အေးငြိမ်ရာ တရားရိပ်အောက်ခိုလှုံသွားရှာသော Pam ။
သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို ကျန်ခဲ့သည့် သူမရဲ့သားလေး winmetawin အား လွှဲပေးခဲ့ခြင်းဖြစ်သည်။

ယခု ကလေးရဲ့ စိတ်ဆန္ဒမပါလေတော့သဖြင့်၊ Nan သက်မနွေးနွေးကိုရှိုက်ပြီး

"သားလက်ထဲရောက်မှ သားကြိုက်လုပ်ပါ၊ P'Nan လွှဲပေးတာကိုလက်ခံပေးပါ၊ ဒါမှ သားအမေ စိတ်ချမ်းသာမှာမို့ပါ"

"Win ရဲ့ အမေအဖြစ် Khun Pam ကိုလက်မခံနိုင်ပါဘူး၊ Winရဲ့ အမေက Khun May "

ပြတ်သားစွာ ငြင်းလိုက်သည့် Win ရဲ့ စကားကြောင့် Nan စောဒဂ မတတ်နိုင်လောက်အောင် ဆွံ့အသွားခဲ့ရသည်။

"ဒါ ဒါပေမယ့် သူက သားရဲ့အမေလေ "

"အမေတော့ အမေပါပဲ၊ ဒါပေမယ့် သူမွေးခဲ့တဲ့ကလေးကို သူကိုယ်တိုင်ပြန်သတ်ဖို့ ကြိုးစားတာ မိခင်ကောင်းမဟုတ်ဘူး"

စကားအဆုံးတွင် Win ဘာမှဆက်မပြောလေတော့ပဲ ထိုင်ရာမှထထွက်ခဲ့လေသည်။ Win၏ ကျန်ရှိနေသော သက်တမ်းမှာ Pam ၏ အရိပ်နှင့်အသက်မရှင်လိုပေ၊၊ ထို့ကြောင့် ပြတ်သားစွာငြင်းပစ်ခဲ့သည်။
🖤🖤🖤

"ပါပါး ဒါ Bunny ရဲ့ ဒယ်ဒီဆို ဟုတ်လား"

"ပါပါး"

သားက မျက်လုံးဝိုင်းလေးဖြင့်ကြည့်ကာ တောင်းဆိုနေသလို သူကလည်း အသနားခံသည့် အကြည့်များကြောင့် Win သက်မနွေးနွေးကိုရှိုက်ပြီး

" ဟုတ်တယ် သား"

"ဒယ်ဒီ ဒယ်ဒီတဲ့ ယေးး သားမှာ ဒယ်ဒီရှိပြီ"

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now