Part 13

74 2 0
                                    


"ကြီးအိုင် နဲ့ မယ်ဥ Win ပြန်တော့မယ်"

ကြီးအိုင် နှင့် မယ်ဥ ကို Win နှုတ်ဆက်လေတော့ နှစ်ယောက်စလုံး မျက်နှာ မကောင်းကြပေ။ Win သက်မနွေးနွေးကို ရှိုက်ရင်း

"Win သွားမယ်နော်"

"ဘယ်သူက မင်းကို သွားခိုင်းလို့လဲ"

အသံလာရာ ကြည့်လိုက်တော့ ဖိဘိုက်၊ ဖိဘိုက်ကို တွေ့သည့် နှင့် မယ်ဦး နှင့် ကြီးအိုင် က ရှောင်ထွက်သွားကြလေသည်။  Bright က သူ့ အနားသို့ တစ်လှမ်းချင်း တိုးလာလေရာ Win နောက်ဆုတ်လိုက်ပြီး

"ခများ ဘာလုပ်ဖို့လဲ"

မျက်လုံးပြူးလေးဖြင့် မေးလာသော ယုန်ပေါက်ရဲ့ပုံစံကို ကြည့်ပြီး အသဲယားလာရလေသည်။

"အို အမေ့"

"ခများ  ခများ ဘာလုပ်တာလဲ၊ ဖယ် ၊ လွှတ်  လွှတ် ၊ ကျွန်‌တော်ကို အခုအောက်ချပေး၊ Bright Vachirawit ခများ မယုတ်မာနဲ့နော်" (အမှုတွေကြီးကုန်ပီ🤣)

သူ့ ခန္ဓာကိုယ်လေးကို စွေ့ခနဲ ပခုံးပေါ် ပွေ့တင်ကာ လှေကားထစ်များဆီမှ အပေါ်ကို တက်နေသော သူကြောင့် မျက်လုံးများ ပြူးကျယ်ကာ အတင်းအော်ဟစ် ထုရိုက်နေမိသူက Winပင်။ လူက သူ့ ပခုံးပေါ်ပွေ့တင်ထားသဖြင့် အမြင်အာရုံ အားလုံးက ဇောက်ထိုးတွေ ဖြစ်နေရလေသည်။ Winရဲ့ ခန္ဓာကိုယ် ပီစိလေးကို Bright အသာထိန်းကာ လှေကားထစ်တစ်ထစ်ချင်းကို သတိနှင့် တက်နေရလေသည်။

မတော်၍ ချော်ကျသွားလေလျှင် နှစ်ယောက်စလုံး အသက်နှင့် ကိုယ် အိုးစားကွဲမှာပင်။

အခန်းရှေ့ရောက်တော့ အခန်းတံခါးကို အသာတွန်းဖွင့်ကာ Winကို ကုတင်ပေါ် အသာတင်ပေးရင်း သူ့ အခန်းဝ ပြန်လှည့်ထွက်လာတော့

"ဟိတ် လူယုတ်မာ  ခများဘာလုပ်တာလဲ၊ အခု ကျွန်တော် ပြန်မယ်"

"အာ့"

အခန်းတံခါးကို အေးအေးလူလူ ပိတ်နေသော ထိုလူကြီးကို စိတ်တိုစွာ ကျောပြင်ကို ထုရိုက်တော့ သူက တံခါးကို ပိတ်ပြီး သူ့ခါးသိမ်သိမ်လေးကို ပွေ့ဖက်လိုက်လေသည်။ ထိုနောက် မြွတ်သိမ့်လှသော အနမ်းတစ်ခုက သူ့ နှုတ်ခမ်းလေးပေါ် နွေးလျှစွာ ကျရောက်လာခဲ့လေသည်။ ပထမတော့ Winလည်း ကြောင်အစွာ ငြိမ်နေပြီးမှ အသိဝင်လာလေတော့ Bright ‌နှာ‌ခေါင်းနှင့် သူ့‌ခေါင်းကို အရှိန်နှင့် စောင့်ချလိုက်မိလေသည်။ နာကျင်သွား၍ ထင်သည်။ ဆောင့်မိသော သူ့ နှာ‌ခေါင်းကို ဖိပွတ်ရင်း

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now