Part 17

106 1 0
                                    

"ဘာ တွေလဲ ဘာတွေပြောနေကြတာလဲ"

Win နားမလည်သလို မာမားနဲ့ အစ်မPam ကိုမေးလိုက်တော့
၊May တစ်ယောက် သားဖြစ်သူအား

"မာမား ရှင်းပြမယ် သား "

Pam အိမ်ထဲဝင်လာသော Win နှင့် Bright အား တစ်ချက်လှမ်းကြည့်ပြီး ဘာဆက်‌ပြောရမည်နည်း။ ‌ဘာတစ်ခွန်းမှမ‌ပြောနိုင်လောက်အောင် အရာရာအားလုံး ဆွိ့အနေခဲ့လေပြီ။

သားတဲ့။

ဘယ်လိုအင်အားမျိုးနဲ့ သားလို့ခေါ်နိုင်မည်နည်း။

Win အံ့ဩသော မမျက်လုံးဝိုင်းလေးများဖြင့် မိခင်အားမေးနေမိလေသည်။ မထင်မှတ်ထားတဲ့အ‌ခြေနေမို့ Bright ပင် အံ့ဩရလေသည်။

"မာမားရှင်းပြပါမယ်သမီးရယ် ၊ အဖြစ်ပျက်တွေက ဒီလို"

ကာလတစ်ခုဆီကို အစချီပြီး ကျန်ခဲ့သည့် အတိတ်တွေဆီသို့ May  တကျော့ပြန်လည်ခဲ့ရလေသည်။
                       🖤🖤🖤

"May ကို အိမ်ထောင်ချပေးရမယ်"

Mayတို့အဖေ တစ်ယောက် Pamအမေရဲ့ စကားကြောင့် အံ့ဩကာ

"ဟာ ဒါကလုံးဝမဖြစ်နိုင်ဘူး မိန်းမ"

"ဘာလို့မဖြစ်နိုင်ရမှာလဲ အကို၊ အကိုသမီးကိုဒီအိမ်မှာ ဆက်ထား‌စေချင်ရင် ကျမ‌ပြောသလိုလုပ်ပါ၊ အကို့ သမီးငယ်ရဲ့ သိက္ခာကိုကာကွယ်ရမယ်"

သမီးကိုသာဒီအိမ်မှာ နေခွင့်မပေးလေလျှင် သမီးကဘယ်အရပ်မှာသွားနေရမည်နည်း။ Mayတို့အဖေ တစ်ယောက်စိတ်တွေ ရှုပ်ထွေးနောက်ကျိလာရလေသည်။

Pamအမေ၊ Pamအမေက သူမ ပြောလျှင် ပြောသလိုလုပ်တတ်တဲ့မိန်းမမျိုးပင်၊ သူ့တွက်ခက်ခဲသည့်ကိစ္စမျိုးကို တွေးတောရပေတော့မည်။

ဟူးး။

လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး

"မင်းက ဘယ်သူနဲ့ သမီးကိုစီစဉ်မှာလဲ"

"အို ဘယ်သူရှိရမလဲ ဒေါ်ကြီးလျံရဲ့သား Naing နဲ့ပေါ့"

"ဟင်"

Naing ဆိုတာ သမီးPam ကိုတဖက်သတ်ကြိုက်နေသော ကောင်လေး။ သမီးPam လက်မခံခြင်းဖြစ်သည်။ ဘယ်လိုစိတ်ကူးနဲ့များ သမီးMay နှင့်နေရာချပေးဖို့စီစဉ်ရပါလိမ့်။

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now