"သား ပါပါးက ဘယ်သွားတာလဲ ဖွားဖွား""ဟိုအဝေးကြီးမှာ ကျောင်းသွားတက်တာလေ သားသားရဲ့"
"ဟုတ်လား"
"ဟုတ်တာပေါ့ သားသားရဲ့"
"ပါပါးက ဘာလို့ သားသားကို မခေါ်တာလဲဟင် ဖွားဖွား"
Bunny ဆိုသော ချစ်စဖွယ် မြေးလေးရဲ့ အမေးကြောင့် Khun May သူလေး၏ ကျောပြင်လေးကို ပွတ်သပ်ပေးရင်း
"ပြန်လာမှာပေါ့ သားလေးရယ်၊ သားရဲ့ ပါပါးက သားကို သိပ်ချစ်တာ"
သူမ စကားသံ၏ အဆုံးတွင် သားလေး အိမ်ပြန်ရောက်လာသည့် နေ့က အဖြစ်အပျက်များက အထင်းသားပင်။
"မားမား"
ခရီးဆောင်အိတ်လေး ပစ်ချကာ သူမအား အားကိုးတကြီးဖက်တွယ် ငိုရှိုက်လာသော ချစ်ရပါသည့် သားငယ်။ Khun May ရင်ထဲ စိုးရိမ်မှုတွေ လွန်ကဲလာကာ
"ဘာ ဘာဖြစ်လာတာလဲ သားလေးရယ်၊ မားမား ရင်တွေပူလိုက်တာ"
"သား ဟိုလူကြီးနဲ့ ကွာရှင်းလာတာ မားမား"
"ဟင်"
"ဘာ ဘာပြောတယ် သား"
မထိတ်သာမလန့်သာ ရှိလှသော သား၏ စကားကြောင့် Khun May သားမျက်နှာလေးကို ဆွဲမော့ယူကာ မေးလိုက်မိလေသည်။
Win ကလေး တစ်ယောက်လို ငိုရှိုက်ရင်း
"Win ရင်သွေးလေး အတွက် သူ့ဆီမှာ မနေနိုင်ဘူး၊ Win ကိုတောင် လက်စားချေချင်လို့ လက်ထပ်ခဲ့တဲ့ သူက Winရဲ့ ရင်သွေးလေးကို လိုချင်မှာမှ မဟုတ်တာ မားမားရယ်၊ ပြီးတော့လေ အစ်မPam မသေဘူး မားမား"
"ဘာပြောလိုက်တယ် သားး"
မေးလိုက်သူက အိမ်ထဲဝင်လာသော Khun Naing ပင်။
"ပါပါး"
"သား"
ဖခင်ကို တွေ့တော့လည်း သူ့မှာ ပို၍ မျက်ရည်တွေ ကျမိပြန်ပါသည်။ Khun Naing သားကို ထွေးပွေ့လိုက်ပြီး
"ဘာဖြစ်လာတာလဲ သားလေး ၊ ပါပါးကို ပြောစမ်း"
"အစ်မPam မသေဘူး ပါပါး၊ အစ်မPamကလေ သူ့ ချစ်သူ ဖြစ်တဲ့ ဖိဘိုက် ဆီက ထွက်သွားပေးပါတဲ့၊ သားလည်း ဖိဘိုက် အနားမှာ မနေချင်ဘူး ၊ ဖိဘိုက်ကို ကြောက်တယ် ဟီး ဟီး"