Part 21

121 4 0
                                    


ဆေးရုံကုတင်ပေါ်က မီးလောင်ရာ ဗရပွဖြင့်သူမကို ဘယ်သူတစ်ဦးတစ်ယောက်မှ ပြုစုယုယမယ့်သူမရှိခဲ့ပေ။ မောင် မောင့်ကိုတော့ သူမ၏ ဆိုးရွားလွန်းတဲ့အခြေနေကို စိတ်မကောင်းမှာဆိုး၍ အသိမပေးခဲ့ပေ ။ ထိုသို့အခြေနေမှာ သူမနားရှိနေပေးသူက Nan ဆိုသော အချစ်ဆုံးသူငယ်ချင်းပင်။

မေ့မျောနေသော Winmetawin ကို သူမခေါ်လာသော လူအားပွေ့ချီခေါ်စေကာ ထိုအိမ်ထဲကိုထည့်ခဲ့လေသည်။ ထိုနောက် ထိုအိမ်အားမီးရှို့ခိုင်းခဲ့သူက သူမပင်။ မီးတောထဲမှာ အော်ဟစ်အကူညီတောင်းနေသော အသံသဲ့သဲ့လေးကို ကြားရပြန်တော့ သူမ ဥပေက္ခာမပြုနိုင်ခဲ့ပြန်ပေ။ ထိုကြောင့်ပင် သူမ Win လေးကို ပြန်လည်ကယ်တင်ခြင်းပင်။

သူမဘဝတွင်း အားကိုးရာတစ်ခုတိုးလာခဲ့သည်က ဒေါက်တာ ဘမ်တန် ပင်။ ဒေါက်တာ အကူညီဖြင့် နိုင်ငံခြားမှာဆေးကုသမှုခံယူကာ ခွဲစိပ်ပြုပြင်မှုများစွာကိုပြုလုပ်ပြီး အကောင်းပကတိဖြစ်လာခဲ့ချိန်တွင်တော့ သူမကျေးဇူးရှင်ဖြစ်သော ဒေါက်တာဘမ်နဲ့ လက်ထပ်ခဲ့လေသည်။ သားငယ်လေးကို မွေးဖွားပြီး သုံးလအကြာမှာ ဒေါက်တာဘမ်တန် ကွယ်လွန်လေတော့ သားငယ် ၅လအကြာတွင် ထိုင်းနိုင်ငံသို့ Honey အဖြစ်ပြန်လာကာ Bright vachirawit ဆိုသော တစ်ချိန်ကချစ်ခဲ့ဖူးသူအနားကို ပြန်လည်ချဉ်းကပ်ခဲ့လေသည်။ Bright vachirawit အနားတွင် Winmetawin အိမ်ထောင်ဖက်တစ်ယောက်အဖြစ် ရှိနေသည်ကိုတွေ့ရတော့ Win ကို Bright အနားမှာလွှင့်စင့်ထွက်သွားလေအောင် သူမပြုလုပ်ခဲ့မိပြန်သည်။ သူမထက် ၇နှစ်လောက်ငယ်သော Bright အပေါ်တွင် အမှန်တကယ်မေတ္တာအစစ်နဲ့ချစ်ခဲ့ဖူးသည်ကိုတော့ သူမဝန်ခံပါသည်။ ထိုကြောင့်ပင် မလုပ်သင့်တဲ့အလုပ်ကို သူမလုပ်ခဲ့ခြင်းပေ။

အခုတော့ အခုတော့ မျက်ဝန်းဝိုင်းလေးတွေဖြင့် သူမကိုခပ်ငေးငေးလေးကြည့်တတ်သော ကလေးက သူမရဲ့သားလေးတဲ့လား။

"သားရယ်"

နှလုံးသားက မခံမရပ်နိုင်အောင် ဆူးအောင့်နာကျင်လာရသည်အထိ နာနာကျင်ကျင်ခံစားလိုက်ရလေသည်။

"Pam ငိုနေပြန်ပြီလား"

"Nan"

သူမအနားကို ဝင်ထိုင်လိုက်သော Nan ကိုတွေ့တော့ သူမဖက်ပြီးငိုလိုက်လေသည်။

???? အမုန်းနှောင်ကြိုး ????Where stories live. Discover now