[UNICODE]
လုရွှင်၏ပုံစံမှာ ရှင်းပြ၍မရလောက်အောင်ထူးဆန်းလွန်းသောကြောင့် ချန်ဝေ အံ့အားသင့်သွားသည် ; သူမရဲ့အသွင်အပြင်က မော့ဇီရှင်းနဲ့ တစ်စက်မှမတူသလို ကြည့်လို့လည်းမကောင်းဘူးလေ...သာမာန်အချိန်တွေဆို အပြင်ထွက်ရင်တောင် မိတ်ကပ်လိမ်းတာမဟုတ်ဘူး...တခါတလေ လုရွှင်က တချို့လူတွေနဲ့ စကားပြောတဲ့အခါ ဒီလိုမျိုးရှက်တတ်တာလား
"လုရွှင်....."
သို့သော် ချန်ဝေ ဘာမှမပြောရသေးခင် လုရွှင်က စိတ်အနှောက်အယှက်ဖြစ်သောပုံစံနှင့် "တိတ်တိတ်နေ...ငါ့ကိုစကားလာမပြောနဲ့"
"....."
ဤသို့ဖြင့် နှစ်ယောက်သားအတူတူ ကော်ဖီဆိုင်၌ငြိမ်သက်စွာထိုင်နေခဲ့ကြသည်။ လုရွှင်သည် ချန်ဝေကိုမကြည့်ရန် စိတ်ပိုင်းဖြတ်ထားပြီး ပြတင်းပေါက်ကိုသာ ငေးကြည့်နေခဲ့သောကြောင့် သူ၏ပါးရဲရဲလေးမှာ အရောင်မှေးမှိန်သွားခဲ့သည်။ သို့သော် တစ်ချက်တစ်ချက် ချန်ဝေအားကြည့်မိသောအခါများတွင်လည်း သူ့မျက်လုံးများမှာ ၀င်းလက်သွားလေ၏။
ကံကောင်းထောက်မစွာဖြင့် မိုးသက်မုန်တိုင်းသည် လျင်မြန်စွာရောက်လာပြီး အမြန်ထွက်ခွာသွားခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်တွင်လည်း မိုးစဲသွားကာ ကောင်းကင်လည်းပြန်လည်ကြည်လင်လာ၏။ ချန်ဝေ မတ်တပ်ရပ်လိုက်သည်။ မိုးရေကြောင့် အဝတ်အစားများမှာလည်းစိုရွှဲနေသောကြောင့် အဆောင်ပြန်၍ ရေချိုး အဝတ်အစားလဲရန် မစောင့်နိုင်တော့ပေ။
သို့သော်လည်း သူမထရပ်ပြီး အပြင်ထွက်ခါနီးတွင် လုရွှင်က သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်း ထိုင်နေ"
"ဘာလို့လဲ"
လုရွှင်၏ အရပ်မြင့်မြင့်ခန္ဓာကိုယ်က မတ်တပ်ထရပ်လိုက်တော့ ချန်ဝေရှေ့ရှိအလင်းရောင်ကိုပိတ်ဆို့လျက် သူမကိုငုံ့ကြည့်ပြီးနောက် အဝေးသို့အကြည့်လွှဲလိုက်သည့်ပုံမှာ အာဏာရှင်ဆန်လွန်းလှသည်။
"မင်းဘာလို့ ဒီလောက်အများကြီးမေးနေရတာလဲ? ဒီမှာခဏစောင့်...ထွက်မသွားနဲ့ဦး"
YOU ARE READING
Don't fall in love with your boss (ဘာသာပြန်)
Romanceချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ 'ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး' လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။ သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။ တစ်နေ့မှာ လုရွှ...