4

549 43 1
                                    

[UNICODE]

စကားပြောပြီးနောက် လုရွှင်သည် သူ၏နှုတ်ခမ်းထောင့်ရှိသွေးများကို ဖြစ်သလိုသုတ်လိုက်တယ်။ ထို့နောက် သူထွက်မသွားခင် ချန်ဝေကို နောက်ဆုံးတစ်ခေါက်ကြည့်ကာ ရှားစောင်းပင်ကိုင်ပြီးထွက်သွားခဲ့တယ်။

မုန်တိုင်းသည် နောက်ဆုံးတော့ငြိမ်သက်သွားခဲ့သည်။ ကျပန်းကြည့်ရှုသူများမှာလည်း လူစုခွဲသွားပြီးနောက်မှာတော့ ချန်ဝေ စိတ်သက်သာရာရသွားကာ သက်ပြင်းချလိုက်တော့သည်။ နေ့လည်စာ စားချိန်ဖြစ်သောကြောင့် သူမလည်းအနည်းငယ်ဗိုက်ဆာလာပြီး ကန်တင်းသို့သာ တည့်တည့်မတ်မတ်ထွက်လာခဲ့သည်။

"ချန်ဝေ!" ထိုအချိန်တွင် ချန်ချွမ်းသည် သူ့အမနောက်သို့ ဒေါသတကြီးဖြင့်လိုက်လာခဲ့ပြီး သူမကိုမှီသွားသောအခါ သူမထိုင်နေသော စားပွဲ၌ ပိတ်ဆို့ကာမေးလာခဲ့သည်။ "နင်ရောပဲ လုရွှင်ကို သဘောကျနေတာလား"

ချန်ဝေ ၀က်ချိုချဉ်စားနေရင်း မျက်လုံးလှိမ့်လိုက်တယ်။ "နင်တကယ် နားမလည်ဘူးပဲ။ နင် အရှက်ကွဲတော့မလို့ သီသီလေးရှောင်နိုင်ခဲ့တာလေ"

ချန်ချွမ်း ;
"ဘာကိုအရှက်ကွဲတာလဲ? ငါက လုရွှင်လိုမျိုးကောင်ချောလေးကို မရိုက်နိုင်ဘူးထင်နေတာလား?"

"နင်တကယ်သူ့ကို မရိုက်နိုင်ဘူး" ချန်ဝေက မထီမဲ့မြင်ပြုကာ ပြောလိုက်တယ်။ "နင်က အားက‌စားကျောင်းသားဖြစ်လို့ သူများတွေထက် ပိုပြီးသန်မာလိမ့်မယ်လို့မထင်နဲ့။ လုရွှင်က ကြည့်ရင်သာ ပိန်တယ်လို့ထင်ရတာ ဒါပေမယ့် သူ့အင်္ကျီအောက်က တည်ဆောက်ပုံက တကယ်ကိုမိုက်တာ‌"

သူမအရင်ဘ၀တုန်းက ချန်ချွမ်းက လုရွှင်ကိုစိန်ခေါ်ခဲ့တယ်။ ရလာဒ်အနေနဲ့ သူအစော်ခံလိုက်ရသည်ကို ပေါက်ကွဲလို့မရသည့်အပြင် ၀က်ခေါင်းဖြစ်လုနီးနီး လုရွှင်ရိုက်ခြင်းကိုပါ ခံလိုက်ရသည်။

ဒီလူကို အပေါ်ယံကြည့်ပြီးမဆုံးဖြတ်ပါနဲ့။ လုရွှင် သူက အမြဲလိုလို နူးညံ့ပြီး ထိန်းချုပ်နိုင်စွမ်းရှိတယ်လို့ထင်ရပေမယ့် သူ့နှလုံးသားကတော့ မီးသွေးလိုမျိုး မဲတူးနေ၏။

Don't fall in love with your boss (ဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang