7

502 47 0
                                    

[UNICODE]

"ကောင်းပြီ...မင်း ငါ့နောက်လိုက်နေတာကို ရပ်လို့ရမလား?" လုရွှင် သည်းမခံနိုင်တော့ပါ။

"ငါ နင့်နောက်ကို လိုက်နေတာမဟုတ်ပါဘူး...ငါလည်း စာကြည့်တိုက်သွားမလို့ပါ"

ကံမကောင်းစွာဖြင့် ဤနေရာမှ စာကြည့်တိုက်သို့ သွားရာလမ်း,တစ်လမ်းတည်းသာ ရှိ၏။ မဟုတ်ပါက ချန်ဝေသည် လုရွှင် နှင့် အတူသွားရခြင်းထက် ကွေ့ပတ်သွားရသော လမ်းရှည်ကို ရွေးမည်မှာ သေချာပေါက်ပင်။

"ငါ တကယ်နင့်နောက်လိုက်နေတာမဟုတ်ရပါဘူး...ငါ တကယ်ကြီး နင်နဲ့ သူငယ်ချင်းဖြစ်ချင်တာပါ" ချန်ဝေ ရိုးသားသော အမူအရာဖြင့် ပြောလိုက်သည်။

"မင်း သူငယ်ချင်း အရမ်းရှားနေလို့ လမ်းမှာလိုက်ရှာနေတာလား...စာကြည့်တိုက်သွားမယ့်သူကိုတောင် အလွတ်မပေးဘူးလား"

ချန်ဝေ ရှက်ကိုးရှက်ကန်းနှင့် "ငါက နင်နဲ့ သူငယ်ချင်းဖြစ်ချင်ရုံတင်ပါ...ငါပြောဖူးတယ်လေ နင်က ငါ့အတွက် စံနမူနာယူစရာ စံပြတစ်ယောက်ပါဆို...ငါသာ နင်နဲ့ သူငယ်ချင်းဖြစ်ရင် ငါ ပိုပြီးတိုးတက်လာမယ်လို့ ထင်တယ်"

"ဟုတ်လား" လုရွှင်က အေးစက်စက်အသံဖြင့် "ငါနဲ့အရမ်းခင်ချင်တယ်ဆိုရင်...စောစောက ငွေကြေးစီမံခန့်ခွဲမှု အတန်းတက်တုန်းက ဘာလို့ ငါ့ကိုမုန့်မပေးတာလဲ...အတန်းထဲက လူတွေအားလုံးကို မင်းပေးတယ် ငါကလွဲရင်... မင်း ငါ့တစ်ယောက်တည်းကိုပဲ မပေးခဲ့တာ"

"အဲ့တာက....."ချန်ဝေ၏ နဖူးတွင် ချွေးအနည်းငယ်ထွက်လာပြီး အလျင်စလိုဖြင့် ပြောလိုက်၏။

"တခြားလူတွေက ငါ့အတွက် သာမာန်အတန်းဖော်တွေမို့ ဒီလိုမုန့်တွေ ပေးရုံနဲ့ လုံလောက်ပြီ...ဒါပေမယ့် နင်ကျတော့ မတူဘူး...နင်က ငါ့ရဲ့အထူးစံပြပုဂ္ဂိုလ်လေ...ဒါကြောင့် ငါ နင့်ကို ပိုပြီး အလေးအနက်ထားရမယ်...တခြားသာမာန်အတန်းဖော်တွေနဲ့ ဘယ်လိုလုပ် တန်းတူဆက်ဆံနိုင်မှာလဲ...ဒီနေ့ ငါပေးခဲ့တာတွေက သာမာန် ပြည်တွင်းဖြစ်မုန့်တွေချည်းပဲ...ဒီလိုမျိုး သာမာန်ပြည်တွင်းဖြစ် မုန့်တွေက ဘယ်လိုများ နင်နဲ့ထိုက်တန်ပါ့မလဲ...နင့်အတွက်က ပြည်ပက တင်‌သွင်းတဲ့ မုန့်တွေကပဲအဆင်ပြေမှာ!"

Don't fall in love with your boss (ဘာသာပြန်)Donde viven las historias. Descúbrelo ahora