8

423 45 7
                                    

[UNICODE]

"ဒီလောက် ဆူညံနေတာ...အပြင်မှာ ဘာပြဿနာဖြစ်လို့လဲ" လုရွှင်၏ စကားလုံးများသည် ကြောင်တက်တက်ဖြစ်နေသော ချန်ဝေကို နိုးထစေခဲ့သည်။

ချန်ဝေ အကြည့်လွှဲလိုက်ပြီး လည်ချောင်းရှင်း၍ "မော့ဇီရှင်းကို လူဆိုးကောင်တွေဝိုင်းထားကြတာလေ! ငါသွားကူညီမလို့! ကံကောင်းလို့ပေါ့... နင်အခု ဒီကိုရောက်လာပြီ"

"ဟုတ်ပါပြီ...အဲဒါ မင်းရဲ့ကိစ္စမဟုတ်ဘူး" လုရွှင်ပြောပြီးနောက် ဧည့်ခန်းထဲသို့လျှောက်သွားတော့သည်။ ချန်ဝေလည်း သူ့နောက်သို့တစ်လှမ်းချင်းလှမ်းကာ လိုက်သွားလေ၏။

မော့ဇီရှင်းသည် လုရွှင်လာနေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ နဂိုက အေးစက်စက်မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အပြုံးတစ်ခု ပေါ်လာပြီး : "လုရွှင်...ကောင်းလိုက်တာ...‌နင်ရောက်လာပြီပဲ"

အစ်ကိုကြီးထျန်း ဟုခေါ်ဝေါ်သောလူမိုက်ခေါင်းဆောင်ကို ခေါင်းလှည့်ကြည့်ကာ "ဒါ ငါ့ချစ်သူပဲ...ငါလေ့ကျင့်ပြီးရင် အဆောင်ပြန်ပို့ပေးဖို့ ငါ့ကိုလာကြိုတာ" မော့ဇီရှင်းက လုရွှင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီးတောက်ပစွာပြုံးလိုက်လေသည်။

လုရွှင်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ မော့ဇီရှင်း၏ စကားကို တုံ့ပြန်ရမည့်အစား သူက မိန်းကလေးအုပ်စုကို တစ်ချက်ကြည့်ကာ "မင်းတို့အားလုံး အရင်ထွက်သွားကြ...ကျန်တာ ငါ ကိုင်တွယ်လိုက်မယ်”

သူ့ရှေ့က အဖွဲ့ကို တစ်ချက်ကြည့်လိုက်ပြီး “ပြဿနာရှိရင် ယောက်ျားအချင်းချင်း ဖြေရှင်းသင့်တယ်...မင်းတို့လို ယောက်ျားတွေက မိန်းကလေး‌တွေကို အုပ်စုဖွဲ့အနိုင်မကျင့်သင့်ဘူး"

"ကောင်းပြီ...မင်းပြောသလို ယောက်ျားအချင်းချင်းပြောကြတာပေါ့" အဖွဲ့ခေါင်းဆောင်က အော်ကလီဆန်စွာ‌ပြုံးလိုက်ပြီး ထွက်သွားကြသော မိန်းကလေးများကိုလည်း မတားဆီးခဲ့ပါ။

မိန်းကလေးများသည် လုရွှင်ကိုကျေးဇူးတင်စကား အတိုချုံးပြောပြီးနောက် ထွက်သွားကြလေသည်။ မော့ဇီရှင်းက သူမနှုတ်ခမ်းကိုကိုက်ကာ လုရွှင်ဘေး၌ရပ်နေပြီး "ငါ နင်နဲ့ နေပေးမယ်" ဟုတိုးတိုးလေးပြောလိုက်၏။

Don't fall in love with your boss (ဘာသာပြန်)Donde viven las historias. Descúbrelo ahora