(မော့ကျစ်ရှင်း ကို မော့ဇီရှင်း လို့ပြင်ထားပါတယ်)
[UNICODE]
"ငါ ရေမကူးတတ်ပေမယ့် အပေါက်ကိုတော့ကောင်းကောင်းပိတ်နိုင်တယ်"
ချန်ဝေက မဆိုင်းမတွပဲ လုရွှင်ကိုတွန်းထုတ်လိုက်ပြီး "ငါလုပ်ပါရစေ" လို့ပြောပြီးနောက် လူတိုင်းရဲ့ရှေ့မှာတင် အပေါက်ပေါ်ဖင်ထိုင်ချလိုက်လေသည်။
"အဲ့တာကို လက်ဖဝါးနဲ့ပိတ်လို့မရဘူးဆိုရင် တင်ပါးနဲ့ပိတ်လိုက်မယ်...အေးအေးဆေးဆေးထိုင်ပြီးတင်ပါးမလှုပ်သရွေ့အဆင်ပြေမှာပါ"
"ချန်ဝေ...နင်ကတကယ်ကိုအရည်အချင်းရှိတာပဲ...ဒီနည်းလမ်းကိုဘယ်လိုလုပ်ပြီးတွေးမိတာလဲ"
လျိုရှီယွင့်၏ သက်ပြင်းကို မျက်နှာမူကာ ချန်ဝေက သူမလက်ကို ဖြန့်ကာ ပခုံးတွန့်၍ : "အရင်က မူလတန်းကျောင်းဖတ်စာအုပ်မှာသင်ခဲ့ရတဲ့စာတိုတစ်ပုဒ်ကိုမဖတ်ဖူးဘူးလား...ချမ်းအေးတဲ့ဆောင်းရာသီတစ်ရက်မှာ ဘတ်စ်ကားပေါ်မှာထိုင်ခုံအလွတ်တွေအများကြီးရှိပေမယ့် စစ်အင်္ကျီဝတ်ထားတဲ့အမျိုးသားတစ်ယောက်က ပြတင်းပေါက်နားမှာပဲ ခေါင်းမာမာနဲ့ရပ်နေခဲ့တယ်...ကားပေါ်မှာရှိနေကြတဲ့လူတိုင်းက ဒီလူကခုံတွေအများကြီးလွတ်နေတာကိုတောင်မထိုင်ပဲ မတ်တပ်ရပ်နေတာရူးများနေသလားဆိုပြီးတွေးနေခဲ့ကြတာလေ...ဒါပေမယ့် သူဆင်းရမယ့်မှတ်တိုင်မှာဆင်းသွားတဲ့အခါကျတော့ ကားပေါ်ကလူတိုင်းသည်းမခံနိုင်လောက်တဲ့လေအေးတွေကိုခံစားလိုက်ရပါလေရော...ကားပေါ်မှာရှိတဲ့ ပြတင်းပေါက်တစ်ခုကပေါက်နေခဲ့တာ အဲဒီအပေါက်ကို သူကသူ့ခန္ဓာကိုယ်နဲ့ကွယ်ပြီး ဆောင်းရာသီရဲ့လေအေးဒဏ်ကနေလူတိုင်းကိုကာကွယ်ပေးဖို့အတွက် လေကိုပိတ်ဆို့ပေးခဲ့တာ" သူမရင်ဘတ်ကိုပုတ်လိုက်ပြီး "ငါကအဲ့လို မြင့်မြတ်တဲ့လူပဲ"
လူတိုင်းကကျေးဇူးတင်နေကြပါသော်လည်း လုရွှင်ကသဘောမတူ၊ လှောင်ပြုံးပြုံးလိုက်ပြီး "မင်းကလှော်တက်ကိုင်စရာမလိုပဲ အူတူတူထိုင်ပြီးတရေးတမောအိပ်ချင်လို့ အကြောင်းပြချက်တစ်ခုလိုချင်ရုံသက်သက်ပဲ"
ဤစကားကိုပြောပြီးနောက် လူတိုင်းသည် အဆက်မပြတ်သမ်းဝေနေသော ချန်ဝေကို နောက်တစ်ကြိမ်ထပ်ကြည့်လိုက်ကြပြီး သူတို့၏အမူအရာမှာအနည်းငယ်ရှင်းလင်းသွားသည့်ဟန်။
VOCÊ ESTÁ LENDO
Don't fall in love with your boss (ဘာသာပြန်)
Romanceချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ 'ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး' လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။ သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။ တစ်နေ့မှာ လုရွှ...