[UNICODE]
"ဒီတိုင်းထိုင်ပြီး အသားကင်စားရတာ အရမ်းပျင်းဖို့ကောင်းတယ်..."အမှန်ပြောမလား လုပ်ရဲလား" ဂိမ်းဆော့ကြမလား" တစ်စုံတစ်ယောက်က ချန်ဝေ၏အတွေးရထားကိုကြားဖြတ်ကာ ရုတ်တရက်အကြံပေးလာ၏။
ဤအစီအစဉ်ကို လူတိုင်းက တညီတညွတ်တည်း လက်ခံခဲ့ကြသည်။
"ဆော့မယ်ဟေ့!"
"ဒါဆို ဒီဘီယာပုလင်းအလွတ်ကို လှည့်ကြည့်ရအောင်...ပုလင်းထိပ်ရဲ့ညွှန်ပြခံရသူက အမှန်ပြောမလား ဒါမှမဟုတ် လုပ်ရဲလား ကိုဖြေရမယ်...ပုလင်းအောက်ခြေရဲ့ညွှန်ပြခံရသူကတော့ အမှန်ပြောမလား၊လုပ်မလား ဆိုတဲ့ မေးခွန်းမေးရမယ်...နောက်တစ်လှည့်ကိုတော့ ဖြေတဲ့သူက ပြန်ပြီးမေးခွန်းမေးရမယ်"
ဂိမ်းကိုအဆိုပြုသူကောင်လေးက သူ့ဘေးတွင်ထိုင်နေသော မိန်းကလေးကိုတစ်ချက်ကြည့်လိုက်သည်။
"အခုပဲစလိုက်ရအောင်...ပထမဆုံးအနေနဲ့ အမှန်ပြောမလား၊လုပ်ရဲလားကို ငါဖြေပေးမယ်"
"လီကျိချန်...ဒါဆိုငါမေးမယ် နင်စိတ်ဝင်စားနေတဲ့မိန်းကလေးရှိလား"
လီကျိချန် ဟုခေါ်သောကောင်လေး၏စကားမဆုံးခင်မှာပင် သူ့ဘေးတွင်ထိုင်နေသော မိန်းကလေးက မေးခွန်းစမေးလိုက်သည်။
"ရှိတယ်! ပြီးတော့ သူမလည်း ဒီနေ့ ဒီနေရာမှာရှိတယ်"
လီကျိချန် ပြန်လည်ဖြေကြားပြီးနောက် တခြားလူများ၏ ရွှင်မြူးသံများထွက်ပေါ်လာတော့သည်။ ကောင်မလေး၏မျက်နှာသည်လည်းနီရဲလာ၏။ လီကျိချန်နှင့် ထိုကောင်မလေး တစ်ယောက်ကိုတစ်ယောက် သဘောကျနေသည်ကိုမြင်တွေ့ရသည်မှာ မခဲယဉ်းလှ။ သူတို့နှစ်ဦး၏ဆက်ဆံရေးသည် မရေရာသောအဆင့်တွင်ရှိနေကြပြီး နောက်တစ်ဆင့်သို့တက်လှမ်းရန် အခွင့်အရေးတစ်ခုလိုအပ်နေသောကြောင့်လီကျိချန်က ဤကစားပွဲကိုကစားရန်အကြံပြုခဲ့ခြင်းဖြစ်နိုင်လောက်သည်။ တခြားလူအနည်းစုတွင်လည်း အလားတူရည်ရွက်ချက်များရှိပုံပေါ်၏။
လီကျိချန်ဖြေကြားပြီးနောက် ပုလင်းကိုတဖန်လှည့်လိုက်လေသည်။
မကြာမီမှာပဲ ဂိမ်းသည် မီးတောက်အလားအထွဋ်အထိပ်သို့ရောက်ရှိပေတော့မည်။ ပုလင်းထိပ်သည် လုရွှင်ကိုညွှန်ပြနေပြီး ပုလင်းအောက်ခြေမှာတော့ မော့ဇီရှင်းဘက်တွင်ရှိနေသည်ကို ချန်ဝေတွေ့လိုက်ရသည်။

KAMU SEDANG MEMBACA
Don't fall in love with your boss (ဘာသာပြန်)
Romansaချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ 'ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး' လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။ သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။ တစ်နေ့မှာ လုရွှ...