[UNICODE]
"မင်းဘာတွေ လျှောက်တွေးနေတာလဲ?"
ဒါဟာ ချန်ဝေ ထင်ယောင်ထင်မှားဖြစ်ခြင်းဟုတ် မဟုတ် မသိသော်လည်း လုရွှင် အရှိန်နှေးသွားသည်ကို ခံစားမိလိုက်သည်။
"လုရွှင်! နင် ခွန်အားမရှိတော့ဘူးလား? မြန်မြန်သွားလေ! ဒီလောက်နှေးနေရင် ငါသွေးထွက်လွန်ပြီးသေသွားလိမ့်မယ်!"
ချန်ဝေက ဇွတ်အတင်း "ငါအခု ခေါင်းအရမ်းမူးနေပြီ ထင်တယ်၊ ငါ့မျက်လုံးတွေ ပြတ်တောင်း ပြတ်တောင်းနဲ့ အမှောင်ဖုံးလာပြီ၊ ခန္ဓာကိုယ်လည်း အေးစက်လာပြီ၊ ငါနည်းနည်းလည်း အိပ်ငိုက်လာသလိုပဲ၊ ငါ တီဗီဒရမ်မာတွေထဲမှာပြောတာကြားဖူးတယ်၊ ဒီအချိန်မှာ အိပ်ပျော်သွားရင် နိုးမလာနိုင်တော့ဘူးတဲ့...."
လုရွှင် ;
"အခု စက်တင်ဘာလရောက်နေပြီ၊ ဒီည အပူချိန်က ၂၆ဒီဂရီရှိတယ်""အဲ့တာကြောင့်မဟုတ်ဘူး ငါသွေးတွေအများကြီးထွက်နေလို့ ခန္ဓာကိုယ်အပူချိန်ကျလာတာပါဆို"
ချန်ဝေသနားစရာကောင်းတဲ့အမူအရာနဲ့ပြောလိုက်တယ် "ငါ့ရဲ့ ဒဏ်ရာကို ငါလုံး၀မကြည့်ရဲဘူး...တလိမ့်လိမ့် စီးကျနေတဲ့ သွေးတွေကိုမြင်ပြီး သတိလစ်သွားမှာကို ကြောက်လို့လေ၊ ငါ စိတ်ခိုင်ခိုင်ထားဖို့လိုတယ်!"
"တခြား ပြောချင်တာတွေရှိသေးလား" ချန်ဝေ ထင်ယောင်ထင်မှားဖြစ်တာလား မသိပေမယ့် လုရွှင်၏ အသံသည် စိတ်လှုပ်ရှားခြင်းမရှိ၊ တည်ငြိမ် သပ်ရပ်နေ၏။
"အင်း...ရှိတယ်၊ နောက်ထပ်ကျန်သေးတယ်" ချန်ဝေက "တကယ်လို့များ ငါဒီကပ်ဆိုးကြီးကနေ လွတ်မြောက်ခဲ့ရင်၊ နောက်ဆုံး ဥပဒေစာမေးပွဲမှာ နင့်ရဲ့အကူအညီရဖို့ ငါမျှော်လင့်ပါတယ်..."
"မင်းကို စာခိုးပြစေချင်တာ...ဟုတ်တယ်မလား?...မင်းကို စာပြစေချင်ရင် ခိုးကြည့်တာမျိုးမဟုတ်ပဲ အပြန်အလှန်ကူညီပြီး အတူတူတိုးတက်အောင် ပူးပေါင်းဆောင်ရွက်ကြမယ်လေ။ တစ်ယောက်က ချမ်းသာအောင်အရင်လုပ်ပြီး ရှေ့ကဦးဆောင်၊ ပြီးရင် တခြားသူတွေကို ပြန်ပြီးလက်တွဲခေါ်တာပေါ့..."
"ပြီးတော့ရော?" လုရွှင် တစ်လှမ်းလှမ်းတိုင်း တစ်ခါမေးလာခဲ့တယ်။
![](https://img.wattpad.com/cover/341539131-288-k526792.jpg)
VOUS LISEZ
Don't fall in love with your boss (ဘာသာပြန်)
Roman d'amourချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ 'ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး' လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။ သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။ တစ်နေ့မှာ လုရွှ...