[UNICODE]
ကံကောင်းထောက်မစွာဖြင့် သူမခိုးချရန်ကူးရေးခဲ့စဉ်က စာတချို့ကိုအနည်းငယ်မှတ်မိနေသေးသောကြောင့် အံကြိတ်ကာဖြေဆိုရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
ပြန်လည်ဖြေဆိုခြင်းစာမေးပွဲဖြစ်သော်လည်း အချိန်မှာ လိုအပ်သည်ထက် ပိုရသောကြောင့် ပုံမှန်အားဖြင့် စာဖြေပြီးသော ကျောင်းသားအများက စောစောစီးစီး စာရွက်အပ်ကာ စာမေးပွဲခန်းမှ ထွက်သွားတတ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် မေခွန်းများ၏ အဖြေကိုမသိပါပဲ အခန်းထဲ၌ ဆက်လက်ထိုင်နေသည်မှာ 'အသုံးမ၀င်ဘူး' ဟု ယူဆကြသောကြောင့်ပင်။
သို့သော် ယနေ့အခြေအနေမှာ အလွန်ကွာခြားနေသည်ကို ချန်ဝေ သိလိုက်ရသည်။ ၂နာရီကြာ စာမေးပွဲတွင် လူအနည်းငယ်သာ စာရွက်အပ်ပြီး ထွက်သွားကြ၏။ သူမ ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်တော့ ပြဿနာ၏ အရင်းခံကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့သည်။ စာရွက်အပ်ကြသော ယောက်ျားလေးများကလွဲရင် ကျန်ရှိသော ဖြေဆိုသူအားလုံးမှာ မိန်းကလေးများဖြစ်ကြသည်။ သူတို့အား စာမေးပွဲခန်းထဲတွင် နေစေခဲ့သည်မှာ လုံ့လဝီရိယဝိဉာည်မဟုတ် လုရွှင် ပင်။မိန်းကလေးများသည် သူတို့၏ အဖြေလွှာများကို စစ်ဆေးဟန်ဆောင်နေကြပါသော်လည်း ရံဖန်ရံခါမှာတော့ လုရွှင်ကို တိတ်တိတ်လေး စိုက်ကြည့်နေကြ၏။
မိန်းကလေးများ၏ ချစ်စဖွယ်အကြည့်နောက်ကိုလိုက်ရင်း စင်ပေါ်တွင်ရပ်နေသော လုရွှင်ကို ချန်ဝေကြည့်လိုက်မိသည်။ သူက ခေါင်းကိုငုံ့ကာ စာရွက်ကိုဖြေးဖြေးချင်းလှန်နေ၏။ သူ၏ အရှေ့ဆံပင်များသည် နူးညံ့သော နဖူးပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းကာ နှာတံ မြင့်မြင့်မှာလည်း ဖြောင့်ဆင်းနေ၏။ မျက်လုံးကိုကွယ်ဝှက်ပေးထားသော မျက်တောင်ရှည်ရှည်လေးများက သူ့အမူအရာအား ဝေဖန်ပိုင်းခြားရန်ခက်ခဲစေသည်။ နှုတ်ခမ်းထောင့်ရှိဒဏ်ရာကို သန့်စင်ထားသော်လည်း ဆေးကပ်ခွာမကပ်ထားသောကြောင့် အနည်းငယ်ပွန်းပဲ့နေသည်ကိုတွေ့နေရသည်။ စက်တင်ဘာလရောက်ပြီဖြစ်၍ မွှေးကြိုင်သော osmanthus ပန်းများကလည်း စာသင်ခန်းအပြင်ဘက်တွင် လှိုင်လှိုင်ပွင့်နေလေပြီ။ တောက်ပသော နေရောင်ခြည်နှင့် osmanthusပင်၏ အရိပ်ကျရောက်သော နယ်နိမိတ်အတွင်း လုရွှင်ရပ်နေသည့်ပုံမှာ သက်တမ်းရင့်ဆီဆေးပန်းချီကားတစ်ချပ်အလား သက်ဝင်လှပလွန်းလှသည်။
YOU ARE READING
Don't fall in love with your boss (ဘာသာပြန်)
Romanceချန်ဝေ သူမဘ၀ရဲ့ နောင်တအရဆုံးအဖြစ်အပျက်ကတော့ 'ဥပဒေကျောင်းတော်ရဲ့ အလင်းရောင်လေး' လို့ လူသိများတဲ့ လုရွှင် ကို သူမ အသက် ၁၉နှစ်မှာ အပြစ်လုပ်ခဲ့မိတာပါပဲ။ သူမက လုရွှင်ရဲ့လရောင်ဖြူလေးကို သူမရဲ့မောင်ဖြစ်သူ ချန်ချွမ်းရအောင် ကူညီပေးခဲ့မိတယ်။ တစ်နေ့မှာ လုရွှ...