“ဝိုး ဆော့မက်သရူး”
”ဘာလဲ”
ပြုံးစိစိနဲ့ လာစနေတဲ့ ထယ်ရယ်ကို မျက်မှောင်ကြုတ်ကြည့်ရင်း ဘုတောလိုက်တယ်။
”ငါ့ကျောင်းက ဂျူနီယာလေးတွေနဲ့ မိတ်ဆက်ပေတုန်းက စိတ်မဝင်စားဘူးဆိုတော့ မင်းစံနှုန်းက အတော်မြင့်တာပဲလို့ တွေးမိပေမယ့် နိုင်ငံကျော်အထိတော့ မတွေးထားဘူး”
”ဘာလား။ နားလည်အောင်ပြော”
မက်သရူး စာအုပ်တွေ စီချရင်း ပြောလိုက်တာ့
”ငါ့ကိုတောင် မပြောပြနိုင်တဲ့အထိ လျို့ဝှက်ထားတာကို စိတ်ဆိုးပေမယ့် တစ်ဖက်က လျို့ဝှက်ထားလောက်အောင် လူဆိုပြီး ငါသည်းခံနေတာနော်”
”ဂင်ထယ်ရယ် ငါ့ကို နားလည်အောင် ပြောစမ်းပါ”
“မူလကျီလုပ်မနေနဲ့ မင်းနဲ့ ဆောင်းဟန်ဘင်း ဒိတ်နေတဲ့ သတင်းတွေက Social Media မှာ ပြန့်နေပြီ”
”ဘာပြောနေတာလဲ။ ဘာကို ဆောင်းဟန်ဘင်းလဲ”
”ဆော့မက်သရူး ငါ့စိတ်ရှည်ခြင်းတွေကို စမ်းသပ်နေတာပဲ။ ရော့ကြည့်”
ထယ်ရယ် အဆင်သင့်ဖွင့်ထားတဲ့ ဖုန်းစခရင်က သတင်းတချို့ကို မက်သရူးဖတ်လိုက်တော့ အလန့်တကြား။ ဘယ်တုန်းကမှ မသိဖူးသော နိုင်ငံကျော် idol ဆောင်းဟန်ဘင်းနဲ့ မက်သရူးက ဒိတ်နေတယ်တဲ့လေ။ နောက်ကျောပေးထားတဲ့ သူပုံလို့ ထင်ရတဲ့လူကို ဆောင်းဟန်ဘင်းက မြတ်မြတ်နိုးနိုး ပြုံးကြည်နေတဲ့ ပုံတွေ။ တိုက်တိုက်ဆိုင်ဆိုင် မက်သရူး လက်သန်းမှာ အမြဲဝတ်တဲ့ လက်စွပ်က ဆောင်းဟန်ဘင်းမှာလည်း ရှိနေပြီးတော့ Couple လက်စွပ်ဆိုပြီး မက်သရူး သွားလုပ်ခဲ့တဲ့ လက်စွပ်ဆိုင်ကသတင်းမှာတောင်
“ဆော့မက်သရူးက အရင်လာပြီး ဒီဇိုင်းရွေးသွားပြီးတော့ နောက်ရက် ဆောင်းဟန်ဘင်းက မနေ့က မက်သရူးလုပ်သွားတဲ့ ဒီဇိုင်းကိုပဲ လုပ်သွားတာပါ။ ဖန်တွေ သိမှာစိုးလို့ လျို့ဝှက်ပေးပါလို့ ပြောခဲ့ပေမယ့် အခု တရားဝင်တွဲနေကြပြီဆိုလို့ ဖော်ပြတာပါ။ နောက်တစ်ခါ အတူတူလာဖို့ မျှော်လင့်ပါတယ်”မက်သရူး စခရင်ကို ထပ်ဆွဲလိုက်တော့ မက်သရူး တိုက်ခန်းကားပါကင်မှာ ဆောင်းဟန်ဘင်းက ချတ်ပြုတ်စရာ တထုတ်တပိုးနဲ့ပုံ။ ရေးထားတာကလည်း ဆော့မက်သရူး ကျောင်းအားရက်နဲ့ ဟန်ဘင်း အလုပ်ပိတ်ရက်တိုက်ပြီး ဟန်ဘင်းက မက်သရူးကို ချတ်ပြုတ်ကျွေးပုံပဲ။ တောင်ကိုရီးယားနိုင်ငံရဲ့ အချစ်တတ်ဆုံးယောက်ျားကို ကနေဒါသားက သိမ်းသွားပါပြီတို့။
မက်သရူးကြည့်နေတဲ့ စခရင်ကို ထယ်ရယ်က လိုက်ကြည့်နေကာ
“မင်း အဲ့ဒါကြောင့် ငါ့ကို အိမ်လည် မခေါ်တာပေါ့။ မင်းတို့ ဘယ်အဆင့်ထိ ရောက်သွားပြီလား။ နမ်းပြီးကြပြီလား။ အိမ်လာပြီး ထမင်းဟင်းတောင် ချတ်ကျွေးနေပြီဆိုတော့ အိပ်ပြီးသွားပြီလား”
”ဂင်ထယ်ရယ်”
”ဘာလဲ ရှက်သွားတာလား”
”ငါမဟုတ်ဘူး”
“သြော် ကျားကိုက်တာ အပေါက်မဖြစ်ဘူးလို့ လိမ်နေသလိုပဲ ဆော့မက်သရူးရယ်။ ဒီမှာ မင်းမျက်ခွက်ကြီး။ ဒါ မင်းတိုက်ခန်း။ ဒီမှာ ပိုတိကျတဲ့ သက်သေ”
မက်သရူး လက်ကို ကိုင်ကာ လက်သန်းကို ညွှန်ပြတော့ မက်သရူး စိတ်ရှုပ်ရတယ်။
”Photoshop တွေ နေမှာပေါ့။ ငါ မဟုတ်ပါဘူးဆို။ ဆောင်းဟန်ဘင်း Agency က ငြင်းလိမ့်မယ်”
”ဒီမှာ Agency က ထုတ်ထားတဲ့ statement ။ အနုပညာရှင်၏ ကိုယ်ရေးကိုယ်တာပါတဲ့”
“ဟ ဘာတုန်း”
”မင်းကို မေးရမှာ”
”အာ Rumor ထွက်တာ တားမရလို့နေမှာပေါ့”
”ဟျောင့်ရေ ဆောင်းဟန်ဘင်း အဖေက လွှတ်တော်အမတ်။ အမေက ဆိုလ်းအမျိုးသား တက္ကသိုလ်က ပါမောက္ခက။ ရွှေ့ဇွန်းတောင် မဟုတ်ဘူး။ စိန်ဇွန်းကိုက်မွေးလားတာ။ YN groupရဲ့ မြေး။ ဘာလို့ မတားနိုင်ရမှာလဲ”
”ဘာလို့မတားတာလဲ”
မက်သရူး နားမလည်စွာဘဲ မေးလိုက်တော့ ထယ်ရယ်က ပြုံးစိစိနဲ့
“တကယ်မလို့ပေါ့”
”တကယ်မဟုတ်ပါဘူးဆို”
မက်သရူး စိတ်ရှုပ်ရှုပ်နဲ့ အော်လိုက်တယ်။ အတန်းထဲမှာ ဝင်လာသမျှကျောင်းသားတိုင်းက မက်သရူးကို ကြည့်ကာ တိုးတိုးပြောနေကြမှ မနက်က သူကျောင်းလာကတည်းက ထူးဆန်းနေခဲ့တာ။(ကျွန်တော့် fb acc မှာ ချစ်စရာေကာင်းတဲ့ ကောင်မလေးကြောင့် ထပ်ရေးဖြစ်တဲ့ fic လေးပါ။ တကယ်တော့ မတင်သေးဘူး လုပ်နေပေမယ့် သူ့ဆီမှာ မိသွားလို့တင်လိုက်ရတာပါ။ အနိုင်လာကျင့်သွားတဲ့ ကောင်မလေးကို ဆူပေးကြပါဦး။
စကားမစပ် စာဖတ်ပေးတဲ့သူ တစ်ယောက်ချင်းစီကို ချစ်တာသိကြတယ်မလား။ အများကြီး အများကြီး ချစ်ပါတယ်နော်)
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး