မြန်မြန်ဆန်ဆန်ဖြစ်ပျက်နေတဲ့ အခြေအနေကို လိုက်မမှီဖြစ်နေတဲ့ ကောင်လေးကို လက်ဆွဲပြီး ထွက်လာတော့ ဟန်ဘင်းနောက် ပါလာတဲ့ ကောင်လေးကို အသည်းပိုယားရတယ်။ ဟန်ဘင်းတို့ လူလည်လုပ်တာ သတင်းထောက်တွေ ပါသွားပေမယ့် ဟန်ဘင်းမန်နေဂျာနဲ့ ပါလာတာက မက်သရူးမဟုတ်မှန်းသိတဲ့အခါ ချက်ခြင်းပြန်လှည့်လာတာမို့ ဟန်ဘင်းတို့ကို မြင်သွားပြီး ပြေးလာပေမယ့် ဘယ်အချိန်က ရောက်နေမှန်း မသိတဲ့ ဟန်ဘင်းဖန် တစ်ဖွဲ့ ဟန်ဘင်းတို့နဲ့ သတင်းထောက်တွေကြား ဝင်ကာပေးတာမို့ ဟန်ဘင်း မက်သရူးကို အောင်အောင်မြင်မြင် ခေါ်ထုတ်လာနိုင်တာမို့ ဖန်တွေကို ကျေးဇူးတင်ရတယ်။ ဟန်ဘင်းအဖြစ်က မမလေးကို ခိုးဖိုး လူဆိုးတွေနဲ့ မောင်တိုင်ပင်ထက် ပိုကဲနေတဲ့ အခြေအနေမျိုးပဲ။ ဘာပဲဖြစ်ဖြစ် ဖန်တွေက သူ့အချစ်ကို လက်ခံပေးတာရော ကာကွယ်ပေးနေတာရောအတွက် တကယ်ကျေးဇူးတင်ရတယ်။
ဟန်ဘင်း villa ရောက်တော့ မက်သရူးက
“အခု အခြေအနေကြီးကို နားမလည်တာ ကျွန်တော်ပဲလား”
မက်သရူး မေးနေပေမယ့် ဟန်ဘင်းက မဖြေဘဲ ထယ်ရယ်ကိုသာ
“မက်ချူးက အရမ်းစိတ်ဆက်နေရတဲ့ အချိန်မို့ ထယ်ရယ်ကို အားနာပေမယ့် နားလည်ပေးလို့ရမလား”
ထယ်ရယ်က
“အာ ရပါတယ်။ ကျွန်တော်လည်း ကျောင်းကိစ္စရှိလို့ ပြန်တော့မယ်။ မက်သရူးက ဒီမှာဆိုတော့ ကျွန်တော်လည်း စိတ်ချရပြီ”
“ထယ်ရယ်ကို ကျေးဇူးတင်ပါတယ်။ နောက်ရက်ကြရင် ဆုံရအောင်လေ။ ထယ်ရယ် အားတဲ့ ရက်ပေါ့”
“အာ ကျွန်တော်က အားပါတယ်”
”အာ့ဆို ဖုန်းဆက်မယ်လေ”
ထယ်ရယ်က ပြန်ဖို့ ပြင်နေပြီး ဆောင်းဟန်ဘင်း မန်နေဂျာက လိုက်ပို့မှာမို့ မက်သရူးက နားမလည်ဘဲ
“ထယ်ရယ် မင်းက ငါ့ကို ထားခဲ့ပြီး ဘာလို့ ပြန်မှာလဲ“
“ငါက ငါ့အိမ်ပြန်မှာပေါ့ နေခဲ့ရအောင် ငါ့လင်အိမ်မှ မဟုတ်တာ”
“ငါလည်း လိုက်”
မက်သရူးက စကားပင်မဆုံးလိုက်ကာ
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး