ဒီယုတ္တိမရှိတဲ့ သတင်းကို တကယ်ယုံနေကြတဲ့ သူတွေကို အံ့သြတယ်။ ဆောင်းဟန်ဘင်းဆိုတာ နိုင်ငံကျော် idol မို့ မက်သရူးက စခရင်မှာသာတွေ့ဖူးတယ်။ သူ့သီချင်းတွေ သဘောကျပေမယ့် ဖန်ဘွိုင်းလုပ်ဖို့ထိ အချိန်မရ။ မက်သရူးက ကနေဒါကနေ ကိုရီးယားကို Lenguage Program နဲ့ ဘွဲ့လွန်တက်တဲ့ ကျောင်းသားမို့ လုပ်စရာက တပုံတပင်ပင်။
”မက်သရူး”
“ဘာလဲ”
“ဒီအတန်းကို မတက်တော့နဲ့ ။ ခဏနေ ဆောင်းဟန်ဘင်း ဖန်တွေ ရောက်လာတော့မယ်ထင်တယ်”
”ရောက်လာတော့ ဘာဖြစ်လဲ”
“သူတို့ idol Dating သတင်းထွက်တာနော် ဆော့မက်သရူး”
ထယ်ရယ်ပြောမှ မက်သရူး တွေးမိတယ်။ သူ မဖိတ်ခေါ် ရောက်လာတဲ့ ပြသနာအတွက် မက်သရူးမှာ ရှင်းရန် အဖြေမရှိပါ။ အတန်းချိန်မပြီးခင်မှာပဲ မက်သရူးနဲ့ ထယ်ရယ် လစ်ထွက်လိုက်တော့ စာသင်နေတဲ့ ပါမောက္ခကလည်း သတိထားမိသလို အတန်းဖော်တွေကလည်း သတိထားမိသွားတယ်။ မလွတ်လပ်ခြင်းကို စတင်ခံစားမိလိုက်တယ်။ ထယ်ရယ်အကူအညီနဲ့ ကျောင်းနောက်ဖေးပေါက်က ထွက်ဖို့ ပြင်ပေမယ့် ကျောင်းနောက်ဖေးပေါက်မှာအထိ ဆောင်းဟန်ဘင်း ဖန်တွေ ရောက်နေတာမို့ မက်သရူးတို့ ထွက်သွားဖို့ အကြပ်ရိုက်နေတုန်းမှာပဲ
“ဟန်ဘင်းက ပိုစ့်တင်ထားတယ်”
လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး ကိုယ်စီ ဖုန်းတွေထုတ်ကာ ခဏကြာတော့ ငိုသူက ငို။ အဖွဲ့ထဲက ခေါင်းဆောင်လို့ ထင်ရတဲ့ တစ်ယောက်က
“ဟန်ဘင်းလေးက တောင်းပန်ထားတာပဲ။ ဟန်ဘင်း စိတ်ချမ်းသာဖို့ထက် ဘာအရေးကြီးလို့လဲ။”
ဆိုပြီး ပြန်သွားတော့ အလျိုလျို ပြန်သွားကြတာမို့ မက်သရူး မယုံနိုင်သလို ထယ်ရယ်ကို ကြည့်တော့ ထယ်ရယ်က မက်သရူးကို ပြူးကြောင်ကြည့်ကာ သူလက်ထဲ ဖုန်းကို ပေးတော့ SNS မှာ တင်ထားတဲ့ ဆောင်းဟန်ဘင်း ပိုစ့်က
“အားလုံးပဲ ကျွန်တော်ရဲ့ Dating သတင်းကြောင့် လန့်ပြီး ဒေါသထွက်နေကြမလားနော်။။ ကျွန်တော်ကို ချစ်တဲ့ ဖန်တွေမို့ ကျွန်တော်က အများကြီး ချစ်တယ်ဆိုတာ သိတယ်မလား။ မင်းတို့ ကျွန်တော်ကို ချစ်သလိုမျိုးပဲ သူ့ကိုလည်း ချစ်ပေးကြရင် ကောင်းမှာ။ ကျွန်တော်က သူ့ကို တကယ်အများကြီး တန်ဖိုးထားပြီး ချစ်တာမို့ တခြားသူတွေဆီက မကောင်းစကားတွေ မကြားစေချင်ဘူး။ တခြားသူတွေက မကောင်းပြောကြမယ်ဆိုရင်တောင် ကျွန်တော့်ကို ချစ်တဲ့ ကျွန်တော့်ဖန်တွေကတော့ ကျွန်တော်တို့ချစ်ခြင်းကို အားပေးနေမယ်မလား”
တဲ့။“မင်းပြောတော့ ဘာမှ မဟုတ်ဘူးဆို”
”တကယ်ဘာမှ မဟုတ်ပါဘူးဆိုကွာ”
နားမလည်တော့ဘူးဆိုတဲ့ မျက်လုံးနဲ့ ကြည့်နေတဲ့ ထယ်ရယ်ကို ရှင်းပြဖို့ ခုဖြစ်နေတဲ့ အခြေအနေကြီးကိုလည်း မက်သရူးကိုယ်တိုင်က နားမလည်ပါ။
အိမ်ပြန်ရောက်တော့ မက်သရူး တက်လာသမျှ သတင်းတွေ သေချာလိုက်ကြည့်မိတယ်။ ထွက်လာသမျှ ပုံတွေနဲ့ Data တွေ အကုန်က မက်သရူးကို ရည်ညွှန်းနေတာမို့ မက်သရူးနဲ့ တူတဲ့သူများ ဒီတိုက်ခန်းမှာနေပြီး သူတက်တဲ့ ကျောင်းမှာများ တက်နေတာလားလို့ တွေးမိတဲ့ အထိ။ မနက်အထိ ပိုစ့်တွေအောက်မှာ မက်သရူးကို မုန်းတဲ့ comment တွေ ရှိနေပေမယ့် ခု ရောက်တော့ တစ်ခုမှ ရှိမနေတော့တဲ့ အပြင် သူမသိတဲ့ သူ့အချစ်ရေးကို ဝိုင်းအားပေးနေတာမို့ မက်သရူး ပိုစိတ်ရှုပ်ရတယ်။ ကနေဒါမှာ ကျန်ခဲ့တဲ့ မိသားစုကအထိ မက်သရူးက ငြင်းပြီး ရှင်းပြနေတာကို ရှက်လို့ ငြင်းတယ် ထင်နေတော့ မက်သရူး ဘာလုပ်ရမှန်း မသိ။ အဖြေက တစ်ခုပဲရှိတာမို့ ဆောင်းဟန်ဘင်းဆိုသူရဲ့ Instragram Acc ကို ဆက်သွယ်လိုက်တယ်။ Agency ကကိုင်တာဆိုရင် ဖြေရှင်းပေးဖို့ ဆက်သွယ်တာ ဖြစ်ပေမယ့် တကယ်တမ်းကြတော့ ဆောင်းဟန်ဘင်းကိုယ်တိုင် သုံးနေတာပါဆိုလို့ မက်သရူးပို ရှုပ်ထွေးရတယ်။
@@@@@@@@@@@
(အပိုင်းသစ် ထပ်တင်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်)
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး