Part - 10

424 75 2
                                    

ချစ်သူတွေ ဖြစ်သွားပြီဆိုတော့ ဟန်ဘင်းအတွက် တရား၀င် သည်းခွင့် ကဲခွင့်ရသွားပြီ။

အင်တာဗျူးတွေမှာ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆိုင်အောင်ဆွဲပြီး ဆော့မက်သရူးကို ဘယ်လောက်ချစ်ကြောင်း ဖြေတတ်တယ်။

ဟန်ဘင်းက ကိုရီးယားနိုင်ငံတင်မကဘဲ အာရှတိုက်အပြင် တခြားနိုင်ငံတော်တော်များများအထိ နာမည်ကြီးတဲ့ idol ပင်။ kpop ကို သိလျင် ဆောင်းဟန်ဘင်းကို သိသလို  kpop ကို ဆောင်းဟန်ဘင်းကြောင့် သိပါတယ်ဆိုတာလည်း များတယ်။ ဟန်ဘင်းက ခဏခဏ နိုင်ငံခြားကို ဖျော်ဖြေပွဲအတွက် သွားရတာမို့ မက်သရူးလေးကို လွမ်းရတဲ့ ဒဏ်ကတော့ အရင်ကထက် နှစိဆပို ခံစားရသလိုပင်။

ဘယ်က ပြန်လာ ပြန်လာ။ ဘယ်လောက်ပဲ ပင်ပန်းခဲ့ ပင်ပန်းခဲ့ ကိုရီးယားကို ခြေချတာနဲ့ ဟန်ဘင်းက မက်သရူးအိမ်ကို ပထမဆုံးပြေးလေ့ရှိတယ်။

တစ်ရက်နှစ်ရက်ကို ကဲကဲသဲသဲ လွမ်းပြတဲ့ ဆောင်းဟန်ဘင်းက မှန်းထားတာထက် ရက်ကြာရင် လေဆိပ်အစား မက်သရူးအိမ်သာ တန်းရောက်ချင်တယ်။

ခုလည်း ဟန်ဘင်း LA ကနေ ပြန်အလာ လေဆိပ်မှာ ဖန်တွေ စောင့်နေတာက သူကားရပ်ထားတဲ့ နေရာအထိ။ ဖန်တွေကို နှုတ်ဆက်ရင်း ကားပေါ်တက်တော့ ကားပေါ်ကို မန်နေဂျာအစ်ကို လိုက်တက်မလာတော့။ ကိစ္စတော့ မရှိ ဟန်ဘင်းက မက်သရူးအိမ်ကိုသာ ရောက်ချင်လှပြီ။ ကားပေါ်ရောက်တာနဲ့ လူက ပင်ပန်းလွန်းတာကြောင့် မျက်လုံးကို မှိတ်ကာ

"မက်ချူး အိမ်ကို ပို့ပေးပါ။ ဪ အိမ်မရောက်ခင် ---cafe ကို အရင်ပို့ပေးပါနော်။ မက်ချူးလေးက အဲ့ဒီက ကိတ်ကြိုက်လို့ ၀ယ်သွားချင်လို့"

ဘာသံမှ ပြန်မဖြေပေမယ့် ဟန်ဘင်းလည်း သတိမထားမိ‌ပါ။

ခဏနေတော့ cafe ကို ရောက်ပေမယ့် ကားကို မရပ်ဘဲ မောင်းနေတာမို့ ဟန်ဘင်း ပင်ပန်းနေတာကြောင့် စိတ်က ထစ်ခနဲတိုသွားပြီး

"ကားဆရာကြီ cafe ကို ကျော်သွားပြီ"

ဟန်ဘင်း ပြောတာကို မကြာဟန်ပြူနေတာမို့

"ကားဆရာကြီး"

"ဆော့မက်သရူးက ကိတ်မစားချင်ဘူး။ အိပ်မှာ အိပ်လိုက်ပါ ဆောင်းဟန်ဘင်းခင်‌ဗျ"

မင်းမလို့ ချစ်တာယုံ (Love you, believe me)Where stories live. Discover now