မက်သရူး နိုးလာတော့ ပထမဆုံးရတာက ဟင်းနံ့ပင်။ မီးဖိုခန်းဆီက ချက်ပြုတ်သံတွေကြားနေတာမို့ ထွက်မကြည့်ဘဲ ကိုကို ရောက်နေမှန်း သိလိုက်တယ်။
အမှန်အတိုင်း ပြောရရင် ခုအခြေအနေမှာ ကိုကို့ကို မတွေ့ချင်သေး။ မက်သရူး အိပ်ယာကထကာ ရေချိုးခန်းထဲကို အရင်၀င်လိုက်တယ်။ မက်သရူး ရေချိုးခန်းထဲက ထွက်လာတော့ ကိုကိုက သူ့အခန်းထဲမှာ ရောက်နေပြီ။
မက်သရူး ရေချိုးခန်းထဲက ထွက်လာတာနဲ့ ရေစိုနေတဲ့ခေါင်းကို တဘက်နဲ့ သုတ်ပေးတော့ မက်သရူးက အသံမထွက်ဘဲ ငိုနေခဲ့တာ မျက်လုံးတွေ ရဲနေပြီ။
"မက်ချူးလေး"
"ကျွန်တော် တစ်ယောက်တည်း နေချင်တယ်လို့ ပြောခဲ့တာ ကိုကို လေးစားပေးသင့်တယ်"
"ကိုကိုက မက်သရူးတစ်ယောက်တည်း အဆင်မပြေမှာ စိုးလို့ပါ"
"အဆင်မပြေဘူးဆိုရင်တောင် အနည်းဆုံးတော့ ကိုကိုရှေ့မှာ မငိုချင်ဘူး"
"မက်သရူးကို ကိုကိုက ရှင်းပြချင်တာတွေ ....."
"ကျွန်တော် အချိန်လိုတယ် ကိုကို"
"----"
"ကိုကို ပြောမှာကို လက်ခံဖို့ အချိန်လိုတယ်"
"ကိုကိုက မက်သရူးကို အမြဲတမ်း စောင့်ခဲ့သူပဲလေ။ မက်ချူးက အချိန်လိုတယ်ဆိုရင် ဘယ်လောက်ဖြစ်ဖြစ် ကိုကိုက စောင့်မှာမို့ မက်သရူးက ကိုကို့ကို ဆက်သွယ်မယ်လို့တော့ ကတိပေးပါ။"
"----"
"မက်ချူး ကိုကို့ကို လုံး၀ စိတ်ကုန်နေတာတော့မဟုတ်ဘူးမလား"
"မသိတော့ ခု အချိန်မှာ ကျွန်တော့်ခေါင်းတွေ ရှုပ်ထွေးနေတာပဲ သိတယ်"
မသိတော့ဘူးတဲ့လား မက်ချူးရယ်။ ကိုကို ပြောမယ့်စကားတွေကိုရော နားမထောင်ချင်သေးတာလား။ နားမထောင်ချင်တော့တာလား ကိုကို့မက်ချူးလေးရယ်။
ဟန်ဘင်း ဘာတစ်ခုမှ မရှင်းပြနိုင်ဘဲ မက်ချူးက အချိန်လိုတယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့သာ ပြန်လာခဲ့လိုက်ရတယ်။ မက်သရူး စိတ်အဆင်ပြေတဲ့နေ့မှ မက်ချူးကိုပဲ ချစ်ခဲ့တာဆိုတာ ရှင်းပြရတော့မယ်။
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး