ကိုကိုနဲ့ သူ့အချစ်ဦးသတင်းတွေက မက်သရူးဘေးမှာ အနှံ့။ သတင်းစာတွေမှာလည်း တွေ့ရတယ်။ TV channel တွေမှာရော အင်တာနက် စာမျက်နှာတွေမှာရော။ အဆိုးဆုံးကတော့ မက်သရူးဘေးနားက လူတွေရဲ့ စကားတွေထဲမှာ။
ဒီသတင်းတွေနဲ့ အဝေးကိုသာ မက်သရူး ရှောင်ပြေးလိုက်ချင်တယ်။ အသည်းကွဲလို့ ကျောင်းမသွားတဲ့ရက်ရယ် ကိုကို့ သတင်းတွေကြောင့် ကျောင်းမသွားတဲ့ရက်တွေရယ် မက်သရူး ကျောင်းပျက်တာ များလှပြီ။ မက်သရူး ကျောင်းပျက်တာ များပြီဆိုပြန်တော့ မနေသာဘဲ ရောက်လာသူက ထယ်ရယ်ပင်။ စကားကို ညှာညှာသာသာ ပြောလေ့မရှိပေမယ့် မက်သရူးကိုတော့ အတော်လေး ခင်ရှာသူပင်။
"မင်းအဲ့လောက်ဖြစ်နေရင်လည်း စိတ်ပြေလက်ပျောက် ဂျယ်ဂျူကို သွားမလား"
ထယ်ရယ် စကားကြောင့် မက်သရူးတို့ နှစ်ယောက်သား ဂျယ်ဂျူကို ထွက်လာကြတယ်။
ဂျယ်ဂျူကို လူသာရောက်သွားတယ် စိတ်ကတော့ ကိုကို့အကြောင်းကို အချိန်ပြည့်တွေးနေမြဲပင်။ မက်သရူးအရိပ်အခြေကို နားလည်နေတဲ့ ထယ်ရယ်က
"မင်းချစ်ရင် တွေဝေမနေတော့နဲ့ မက်သရူး။ ခုက မင်းဖြစ်နေတာက အများကြီး အချစ်ခံခဲ့ရသလောက် ဆုံးရှုံးမှာကို ကြောက်နေတာ။ မင်း သံသယတွေ ရပ်ပြီး မင်းချစ်တာမှန်ရင် မင်း ပြန်လိုက်လေ"
"ငါ ကိုကို့ကို ပြန်လိုက်ရင် ကိုကိုက လက်ခံမှာလာ"
"ငါမြင်ရသလောက်ကတော့ မင်းချစ်တာထက် ဆောင်းဟန်ဘင်းက မင်းကို ပိုချစ်တယ်"
"ထယ်ရယ် ငါတို့ ဆိုလ်းကို မြန်မြန်ပြန်ရအောင်"
"ခွေးသူတောင်းစားရေ့ လင်တရူးချင်တော့လည်း ချက်ချင်းနော် မင်းက"
မက်သရူး စိတ်တွေလောနေတာမို့ ထယ်ရယ် ဘယ်လိုပြောပြော မနာနိုင်။ ဆိုလ်းကို မြန်မြန်ရောက်ချင်လှပြီ။
ဆိုလ်းေလဆိပ်ရောက်တာနဲ့ မက်သရူးစိတ်က ပိုလောကာ ပြေးနေတုန်း
"အင့်"
မက်သရူး လူတစ်ယောက်ကို တိုက်မိသွားတယ်။
"အို ရှစ်"
"တောင်းပန်ပါတယ် ကျွန်တော်...."
![](https://img.wattpad.com/cover/350331771-288-k498241.jpg)
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
Hayran KurguBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး