"အမလေး သက်ပျင်းများတောင်ချလို့"
မက်သရူး ပြုံးလိုက်မိတယ်။
"ငါလေ ပြန်တွေးတိုင်း ဒေါသထွက်လို့ပါ။ အဲ့တုန်းက သတင်းထွက်တဲ့အထိ ငါ့ကိုငြင်းတာကို"
"ငါ ရှင်းပြလည်း မင်းက ယုံမှာ မဟုတ်ဘူး"
"ဪ"
မက်သရူးနဲ့ ထယ်ရယ် ငြင်းနေကြတုန်းမှာပဲ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေကြတာမို့ ထယ်ရယ်က အရင် လူတွေကြည့်နေတဲ့ ပြတင်းပေါက်ကို သွားကြည့်ပြီး
"ဟျောင့် ရေ မင်းလင်ကြီး ရောက်ချလာတာဟ"
"ဘာလဲ"
"မင်းလင်လေ ဆောင်းဟန်ဘင်းဟ အောက်မှာ ရောက်နေတာ"
မက်သရူး ပြတင်းပေါက်ကိုကြည့်လိုက်တော့ schedule အချိန်စာရင်း ပြောင်းလို့ ပြန်မလာနိုငိသေးဘူးဆိုတဲ့ ကိုကိုက အောက်မှာ
"ကိုကို"
မက်သရူး မြန်မြန်ပြေးသွားတော့
"ဟျောင့် ခွေးကောင်ရေ့ အိတ် အိတ်ကျန်နေခဲ့တယ်ဟ"
ထယ်ရယ်က နောက်က အော်နေတာကို ဂရုမစိုက်ဘဲ
"မင်း ညနေမှ ယူလာပေး"
"ခွေးသူတောင်းစားကေတာ့ လင်မြင်တာနဲ့ ပြေးတာတန်းနေတာပဲ"
တဲ့။ နောက်ပါးမှာ ကျန်ခဲ့တဲ့ ထယ်ရယ်စကားသံနဲ့ သဘောကျပြီး ရယ်နေတဲ့ ရယ်သံအချို့။ ထယ်ရယ်ကိုရော ဝိုင်းကြည့်နေတဲ့သူတွေကိုရော လျစ်လျူရှု့ပြီး ကိုကို့ဆီကိုသာ တန်းတန်းမတ်မတ်ပြေးသွားမိတယ်။
@@@@@@@@@@@@@@@@@@@@
"ကိုကို ဘယ်လိုရောင်လာတာလဲ"
"ကိုကိုလည်း စပရိုက်---"
ဟန်ဘင်းစကားပင် မဆုံးလိုက်ခင် မက်သရူးက ဟန်ဘင်းကို ကားထဲ တွန်းထည့်လိုက်တယ်။ ကားကို မောင်းထွက်လာပြီးတော့
"ကျောင်းရှေ့မှာ ရှက်စရာကြီး ကိုကိုရာ"
"ဟမ် ကိုကို လာကြိုတာကို ရှက်တယ်ပေါ့ မက်ချူးက"
"ကိုကို မဟုတ်ဘူး ဆောင်းဟန်ဘင်းလေ။ လူတွေ အကုန်ဝိုင်းကြည့်နေတာ ရှက်စရာကြီးပေါ့"
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး