လူချင်းခွာတာနဲ့ ရှက်ပြီး ခေါင်းငုံ့နေတဲ့ ကောင်လေးကို ရင်ခွင်ထဲမှာ ဖွက်ပေးရင် ခေါင်းလုံးလုံးလေးကို မြတ်မြတ်နိုးနိုး နမ်းမိတယ်။
"ဂွီ"
သူ့ရင်ခွင်ထဲက ကောင်လေးက အလန့်တကြား မော့ကြည့်တယ်။ အရေးကောင်းရင် အဖျက်၀င်တယ်ဆိုတာ ဒါမျိုးကို ပြောတာဖြစ်မယ်ထင်တယ်။
"ဂွီး..."
ဒုတိယမြောက် ဆောင်းဟန်ဘင်း ဗိုက်က မြည်လာတော့ နှစ်ယောက်သား အသံထွက်အောင် ရယ်မိတယ်။
"ချက်လို့ မှီပါဦးမလား"
ဟန်ဘင်းဗိုက်ကို မျက်စောင်းလေး၀င့်ရင်း မက်သရူးက မေးတာမို့
"မမှီလောက်တော့ဘူးထင်တယ်။ Deli မှာစားရအောင်"
"အင်း"
Deli ကို စောင့်နေရင်းနဲ့ ဆိုဖာပေါ်မှာ မထိုင်ဘဲ အောက်ကို ဆင်းထိုင်ပြီး ဟန်ဘင်းရင်ခွင်ထဲမှာ မက်သရူးကို ထည့်ပြီး ဖက်ထားလိုက်တယ်။ TV ဖွင့်ထားပေမယ့် ဘာအစီစဉ်တွေ လာနေမှန်းမသိ။ အခုမှ ကိုင်ခွင့်ရတဲ့ မင်သရူးလက်ကလေးက လက်ချောင်းလေးတွေကအစ စိတ်၀င်စားဖို့ကောင်းနေတာမို့ပင်။ မက်သရူးက ဘာလုပ်ရမှန်းမသိဘဲ TV channel ကို ဟိုရွေ့သည်ရွေ့လုပ်ရင်းက ဟန်ဘင်းပါတဲ့ အင်တာဗျူး အစီစဉ်တစ်ခုရောက်တော့ မော့ကြည့်တာမို့။
"အာ အဲ့ဒါကြီး မကြည့်ပါနဲ့ ရှက်စရာကြီး ကြည့်ချင်ရင် ကိုကို့ကိုကြည့် ဒီမှာ"
မက်သရူးလက်ထဲ ရီမုကို လုတော့ မက်သရူးက ပြန်လုရင်း
"ပေးပါ။ ကိုကို့ကို ကြည့်ရတာ ရှက်လို့ ကြည့်ပါတယ်ဆို"
"အွမ်"
မက်သရူးကြည့်နေရင်းက ဟန်ဘင်းအင်တာဗျူးမှာ အချစ်ရေးအကြောင်း မေးတော့ ဟန်ဘင်းက သူ့မှာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက တဖတ်သတ်ချစ်ရသူရှိကြောင်း ဖြေထားတာပင်။
"တွေ့လား ကိုကို့က ဘယ်လောက်ချစ်ခဲ့လဲဆိုတာ"
"ထားလိုက်ပါ"
"ဘယ်လို ထားရမှာလဲ။ တကယ်ချစ်တာကို"
"ကျွန်တော်မှ မသိတာ လွန်ခဲ့တဲ့ နှစ်တွေက ကိစ္စကို"
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး