Deli ရောက်လာတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ ဆောင်းဟန်ဘင်းကို နှိုးရမလား မနှိုးရမလား စဉ်းစားရင်းက ဗိုက်ဟောင်းလောင်းနဲ့ မအိပ်စေချင်တာကြောင့်
"ဒီမှာ ဆောင်းဟန်ဘင်း---"
"အင်း"
"စားပြီးမှ အိပ်ပါ့လား။ တော်နေ ဗိုက်ဆာနေလိမ့်မယ်"
"ထူ"
လှဲနေရင်းကနေ လက်နှစ်ဖက်ဆန့်ပြီး ကလေးလို ပူဆာနေတဲ့ ဆောင်းဟန်ဘင်းကို မမြင်ချင်ယောင်ဆောင်လိုက်ကာ ထမင်းစားစားပွဲပေါ်မှာ စားဖို့ပြင်တော့
"အာ မက်ချူးက တကယ်နေနိုင်တာပဲ"
ဆိုပြီး ထမင်းစားပွဲကို ရောက်လာတော့လည်း သနားမိသလို။
"စားပြီးရင် ပြန်မှာမလား"
"ပြန်ဆိုရင် ပြန်ရမှာပေါ့။ ကိုကိုက မနက်ဖြန် 2 နာရီထပြီး variety show တစ်ခုရိုက်ဖို့ သွားရမှာ။ ခုက ကိုးနာရီဆိုတော့ ကိုကို့အိမ်ကို ကားမောင်းပြန်ရမှာနဲ့ဆို အိပ်ချိန်က?...."
"အဲ့လို အချိန်ကို တွက်တတ်တာကို ဘာလို့ သူများအိမ်လာနေသေးလဲ"
"ပင်ပန်းလို့"
"ပင်ပန်းတာကို ဘာလို့လာနေတာလဲ မေးနေတာ"
"မက်ချူး မျက်နှာ ကြည့်ချင်လို့လေ"
မက်သရူး စားနေတဲ့ ခေါက်ဆွဲ နင်သွားတော့ ဆောင်းဟန်ဘင်းကပဲ ရေပေးတာ တစ်ရူးပေးတာ ပျာယာခတ်အောင်လုပ်ပေးပြီး
"မက်ချူး ပြန်ခိုင်းရင် ပြန်ပါ့မယ်"
အသံတိမ်လေးနဲ့ ပြောနေတော့လည်း မက်သရူးမှာက စိတ်မကောင်း။
"အခန်းထဲ ၀င်အိပ်လိုက်ပါ။ ကျွန်တော်က စာကြည့်ရဦးမှာဆိုတော့ အပြင်ဘက်မှာနေမှာ"
"ကိုကိုအိပ်နေတုန်း ၀င်လာပြီးတော့"
မျက်နှာပိုးမသေတဲ့ ရုပ်နဲ့ပြောနေတဲ့ ဆောင်းဟန်ဘင်းကိုကြည့်ရင်း မက်သရူးရယ်ချင်ပေမယ့် မျက်စောင်းထိုးလိုက်တော့
"၀င်ချင် ၀င်လာနော်။ ကိုကိုက ၀င်လာလေ ကြိုက်လေပဲ
"သွားအိပ်မှာ အိပ်ပါတော့ ဆောင်းဟန်ဘင်း"
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanficBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး