အိပ်မလို့ ပြင်တော့မှ ဖုန်းနံပါတ်အစိမ်းတစ်ခုက မက်သရူးဆီ ဆက်လာတာမို့
"ဟဲလို"
"ဆော့မက်သရူး"
"ဟုတ်ကဲ့ ဘယ်သူပါလဲ"
"ဟန်ဘင်း မန်နေဂျာပါ။ အခု ဟန်ဘင်းက မိုးတွေရွာနေတာကို မက်သရူးကို တွေ့ဖို့ဆိုပြီး ကားမောင်းထွက်သွားတယ်"
"ဘယ်လို အပြင်မှာ မှောင်ပြီး မိုးတွေသည်းနေတာကို ဘယ်သူမှ မပါဘဲလား"
"ဟုတ်တယ်။ မက်သရူးဆီရောက်လာရင် ပြောပေးပါဦး။ ဟို......"
နောက်ဆက်တွဲ စကားတွေကို မကြားတော့ဘဲ ဖုန်းကို ဘယ်လိုချမိမှန်းပင် မမှတ်မိတော့။ ဆောင်းဟန်ဘင်း ဖုန်းကို ဆက်ချင်ပေမယ့် ကားမောင်းနေတဲ့ အချိန် ဖုန်းကိုင်ရင် အန္တရာယ်များမှာစိုးလို့ မဆက်ရဲ။ အပြင်ဘက်မှာ မိုးက စိတ်ပူနေမှ ပိုသည်းနေသလိုပင်။ အချိန်ကိုသာ တကြည့်ကြည့်နဲ့ စောင့်နေရင်းက ဆောင်းဟန်ဘင်းက သီချင်းညည်းပြီး ရောက်လာတော့ ဒေါသပိုဆောင့်တက်လာက
"ခင်ဗျားကြောင့် လူဘယ်နှစ်ယောက်တောင် စိတ်ပူနေရလဲ သိလား"
"စိတ်ပူတဲ့အထဲ မက်ချူးပါရင်တော့ ပျော်စရာကြီးပေါ့"
ဒေါသထွက်နေတာကို မျက်နှာရိပ်မျက်နှာကဲ မသိ စနေတာမို့ ပိုဒေါသထွက်ရကာ
"ခင်ဗျားအတွက်တော့ လုပ်ချင်တာတွေ လုပ်ရတာ လွယ်နေရောပဲ။ နောက်ကလူတွေ ဘာဖြစ်ကျန်ခဲ့လဲဆိုတာ တွေးပေးနေစရာမလိုဘူး"
"ကိုကိုက-----မက်သရူးကို တွေ့ချင်တာမို့"
အသံတိမ်လေးနဲ့ ရှင်းပြနေပေမယ့် မက်သရူးဒေါသက မပြေ။ ဆောင်းဟန်ဘင်းကို လျစ်လျူရှု့ပြီး အခန်းဆီလာတဲ့အထိ စကားတစ်ခွန်းမှ မဆိုချင်တော့။
အရှေ့ကနေ စိတ်တို ဒေါသထွက်ပြီး သွားနေတဲ့ မက်သရူးရဲ့ နောက်ကျောကိုကြည့်ရင်း ၀မ်းနည်လာတယ်။ ဘယ်လို အပြစ်မျိုး ကျူးလွန်မိလို့လဲဆိုတာထက် မက်သရူးစိတ်တိုနေတာကို မြင်နေရတာမို့ လူက လှိုက်ပြီး ၀မ်းနည်းနေရတယ်။
"မက်သရူး စိတ်တိုနေတာလား"
"-----"
"မက်သရူးကို စိတ်တိုရအောင်လုပ်မိတာဆိုရင် ကိုကိုက တောင်းပန်ပါတယ်။ ကိုကိုက ဒီအတိုင်း မက်သရူးကို တွေ့ချင်တာမို့"

YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanficBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး