ကိုကိုရှေ့ကနေ မမြင်ချင်ယောင်ဆောင်ပြီး ဖြတ်သွားတော့
"မက်ချူး....."
အသံတိုးတိုးလေးနောက်မှာ ရှိုက်သံသဲ့သဲ့လေး အစကတော့ ကိုကို့ကို စမယ်လို့ ရည်ရွယ်ထားပေမယ့် မက်သရူး မစနိုင်တော့ပါ။
"ကိုကို အရူး မလို့ လမ်းပေါ်မှာ ငိုနေတာလား။ တိတ်လေ"
မက်သရူးအသံက ငေါက်သံပါသွားတော့ ကိုကို့ဆီက ရှိုက်သံလေးတိတ်သွားတာမို့ ဟာ ဒီကိုကိုက တကယ် မူယာမာယာပိုလိုက်တာ။ ဒီလိုပုံမျိုးနဲ့ ကိုကို့ကို မက်သရူးက မချစ်ဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။
"ကိုကိုက ကျွန်တော့်တိုက်ခန်း password ကို မသိလို့ ဒီအောက်ရောက်နေတာလား"
"မက်ချူးက ကိုကို့ကို မတွေ့ချင်ဘူးဆိုလို့"
"ကျွန်တော်က မတွေ့ချင်ဘူးဆိုရင် ကိုကို့က မတွေ့ဘဲ နေနိုင်တယ်ပေါ့"
"ကိုကိုက မနေနိုင်ပေမယ့် မက်ချူးကလည်း ကိုကို့ကို မတွေ့ချင်ဘူးလေ"
"အဲ့ဒါဆို ကိုကိုက မတွေ့ဘူးလား"
"ကိုကိုပဲ တွေ့လို့ရတဲ့နည်း........ မက်ချူးလေး ကိုကို့ကို စိတ်ကောက်ပြေပြီလား"
"မသိဘူး။ ကျွန်တော် သွားတော့မှာ ကိုကို့ဘာသာ လိုက်ချင်လိုက်ခဲ့ပေါ့"
မက်သရူး ရှေ့က ပြေးထွက်လာတော့ ကိုကို နောက်က ပြေးလိုက်လာတဲ့ ခြေလှမ်းက ထပ်ကြပ်မကွာ။
တိုက်ခန်းထဲရောက်လို့ ဖိနပ်ချွတ်မလို့ပြင်တုန်း ကိုကိုက နောက်ကျောဆီက သိုင်းဖက်ကာ
"မက်ချူးကို ကိုကို အများကြီး လွမ်းနေတာ"
"------"
"ရှင်းပြချင်တာတွေ အများကြီး ရှိပြီးတော့။ အဲ့တုန်းကလေ----"
"ပြောကြည့်ပါဦး ကျွန်တော် နားထောင်မယ်"
မက်သရူးက ကိုကို ဖက်ထားတာကို ဖယ်လိုက်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်တယ်
"အဲ့တုန်းက သွေးလှူတဲ့သူ မှားခဲ့တယ်ဆိုပေမယ့် သဘောကျခဲ့တာ မက်သရူးပဲလေ။ ကိုကို မက်သရူးကို ပထမဆုံးမြင်မြင်ချင်း သဘောကျခဲ့တာ။ ပြီးတော့ သွေးလှူပေးခဲ့တယ်ဆိုတာထက် ဟိုတုန်းကရော အခုရော မက်ချူးလေးကိုပဲ ချစ်ခဲ့တာ။ အဲ့ဒါ ကိုကို့ကို ယုံပေးပါ။ ပြီးတော့ ကိုကို့ကို စိတ်မဆိုပါနဲ့တော့။ မက်ချူးလေး ပစ်ထားတဲ့ရက်တွေဆို ကိုကို ဘယ်လိုမှ နေလို့မရလို့ပါ"
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး