ကိုရီးယား ပြန်ရောက်တော့ သူ့ထက်အရေးကြီးတာ ဘာမှ မရှိဘူးဆိုပြီး မိဘတွေက အကုန် ပံ့ပိုးတာမို့ မြန်မြန်ပဲ အောင်မြင်ခဲ့တာ။ ဟန်ဘင်း အနုပညာအပြင် တစိုက်မက်မက် လုပ်တဲ့ နောက်အလုပ်က မက်သရူး အကြောင်းကို စုံစမ်းတာပင်။ ကနေဒါထိ လူလွှတ်ပြီး မက်သရူး ဆိုတဲ့ နာမည်လေးတစ်လုံးနဲ့ စုံစမ်းခိုင်းခဲ့တာ။ တိုက်တိုက်ဆိုင်ဆိုင် မက်သရူးက ကိုရီးယားကို စကောလား လျှောက်နေတော့ မေမေကို အပူကပ်ပြီး မက်သရူးကို ကိုရီးယားရောက်အောင်ခေါ်ခဲ့တာ။ မက်သရူးနား နီးဖို့ မဖြစ်နိုင်တဲ့အခါ မီဒီယာတွေကို အကွက်ချပြီး သတင်းဖြန့်ခဲ့တာလည်း ဆောင်းဟန်ဘင်းကိုယ်တိုင်ပင်။ မက်သရူး လက်စွပ်လုပ်တဲ့ဆိုင်ကို ဆောင်းဟန်ဘင်းသွားပြီး ရည်းစားတွေပါလို့ ပြောခဲ့တာကနေ ပိတ်ရက် မက်သရူးတိုက်ခန့်အောက်မှာ ဟင်းချက်စရာ အထုတ်အပိုးဆွဲပြီး မီဒီယာကို ပြန်ညာတာအထိအကုန် လုပ်ခဲ့တာ။ ဒီလောက်ထိ ကြိုးပမ်းခဲ့တာမို့ မက်သရူးအချစ်ကို ရဖို့လည်း ဟန်ဘင်း အများကြီး ထပ်ကြိုးပမ်းဦးမှာ။
ချထားတဲ့ ဖုန်းကို ပြန်ကောက်ကိုင်ပြီး
“ကျောင်းဆင်းရင် ကိုကို လာကြိုမယ်”
”မကြိုနဲ့”
“အိုခေ”
မက်သရူးက မကြိုနဲ့ဆိုတော့ မကြိုရုံပေါ့။ အပြန်တော့ မန်နေဂျာအစ်ကိုကို မက်သရူး တိုက်ခန်းဘက်ကို ချခိုင်းလိုက်တယ်။
မက်သရူး ပြန်ရောက်လာတော့ တိုက်ခန်းဝင်ပေါက်မှာ ဟင်းချက်စရာ အထုတ်ပိုးတွေနက် အင်္က ျီအနက်ဟူဒီ ခေါင်းပါစွပ်ပြီး ဒူးနှစ်လုံးပိုက် ခေါင်းငိုက်က အိပ်နေတဲ့ လူတစ်ယောက်။
”ဒီမှာ ခင်ဗျ”
မက်သရူး နိုးလိုက်တော့မှ နိုးလာကာ
“အွင်း မက်ချူး ပြန်လာပြီလား”
“ဆောင်းဟန်ဘင်း……….ဒီကို ဘာလာလုပ်တာလဲ”
“ရည်းစားအိမ်လာတာလေ”
“ဟာ ပြန်”
မက်သရူး ပြန်ခိုင်းမလို့ ပြင်ပေမယ့် Lift ကနေ ထွက်လာတဲ့ လူတစ်ချို့ကြောင့် အခန်းတံခါးဖွင့်ပြီး မြန်မြန်သွင်းလိုက်ရတယ်။
![](https://img.wattpad.com/cover/350331771-288-k498241.jpg)
YOU ARE READING
မင်းမလို့ ချစ်တာယုံ (Love you, believe me)
FanfictionBinthew လေး နောက်တစ်ပုဒ်ပါ။ ဇာတ်လမ်းလေးကတော့---- ဟုတ် ဖတ်ပေးကြပါဦး