51 - 55

575 47 0
                                    


A Valiant Life  51
အပိုင်း  ( ၅၁ )  တည်တည် ငြိမ်ငြိမ်ပဲပေါ့

ဘာသာပြန် = စနိုးဝှိုက်

ညအချိန်။
ငှားရမ်းထားသည့် အိမ်လေးတစ်ခုတွင်။

ဒီနေ့ကတော့ ဆိုင်အစောပိတ် တဲ့နေ့လေးတစ်နေ့ပါ။

လင်းဖန်ဟာ အိပ်ယာထဲမှာ လှဲရင်း ဖုန်းသုံးနေခဲ့ပါသည်။

ဝိုက်ဘို ပရိတ်သတ်  :  =    ၁.၃  သန်း

စူပါစတားတွေနဲ့ ယှဥ်ရင်တော့ ပရိတ်သတ် ပမာဏက ဘာမှမဟုတ်ပါဘူး။သို့ပေမဲ့ ပုံမှန်လူတစ်ယောာက် အတွက် အတော်အောင်မြင် တဲ့ ပမာဏ တစ်ခုဖြစ်ပါသည်။

အို့ ကြည့်ရတာ အနောက်အရပ်က နေထွက်လာတယ်ထင်တယ် ..ဟိုနေ့က ငါ့ကို လာစော်ကားနေတဲ့ အဖွဲ့က အခုငါ့ကို ကူညီပြီး ဟိုဘက်ကိုပြန်တိုက်ခိုက်ပေးနေတယ်။

ယင်းနောက် လင်းဖန်ဟာ  ဆောင်ဦးဓား အကောင့်ဆီကို စာပို့လိုက်ပါတယ်။

"မင်းသာ ကိုယ်အမှားကို သိပြီး ပြန်တောင်းပန်ရင် ၊ ငါအရင်တုန်းက ဖြစ်ပျက်တာတွေကို  သဘောထားကြီးစွာ ခွင့်လွတ်ပေးနိုင်ပါတယ်"

ဆောင်းဦးဓား အကောင့်ပိုင်ရှင်ဟာ သူ့ဟာသူ online game ဆော့နေခဲ့တာပါ။အဲ့အချိန်မှာ သီးသန့် မက်ဆေ့ ကျလာတာ မြင်ပြီး စိတ်တိုသွားခဲ့သည်။

"လစ်လိုက်"

လင်းဖန် လိုမျိုးပဲ ယန်ရှောင်လိန် ရဲ့ ဘဝဟာ အင်တာနက် ပေါ်မှာ ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့ပါတယ်။သူ့သတင်းတွေဟာ ခေါင်းစည်းပိုင်း များတွင် ပါဝင်နေခဲ့ပြီး အမှန်တရားကို
သူဘယ်လိုမှ ဖုံးကွယ်လို့ မရတော့ပေ။

လူများစွားဟာလည်း  သူ့ဟာသူ ဒုက္ခရောက်နေတဲ့ ယန်ရှောင်လိန် ရဲ့ ဘဝကို ပိုပြီး အဆင်မပြေ ဖြစ်အောင်  ကူညီပေးနေကြပါသည်။

"ကျွန်မ နဲ့ ယန်ရှောင်လိန် ရဲ့ လျို့ဝှက်ချက်"

"ယန်ရှောင်လိန် က ကျွန်မနဲ့ တစ်ည အိပ်ပြီးတော့  ၊ ကျွန်မကို ဒေါ်လာ ငါးသောင်းပေးခဲ့သေးတယ်"

..........

ယန်ရှောင်လိန်ဟာ သူ့နာမည်ကို ဘယ်လိုမှ ပြန်ဆယ်လို့မရတော့ ဘူးဆိုတာ လင်းဖန် သိလိုက်ပါတယ်။ထောင်မကျရင်တောင် သူအတော် ကံကောင်းနေခဲ့ပါပြီ။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now