926 - 930

189 11 0
                                    

A Valiant Life 926
အပိုင်း ( ၉၂၆ )

#ဘာသာပြန် = စနိုးဝှိုက်

တစ်ခုခုတော့ မူမမှန်တော့ဘူး..။

အစကတော့..ဒီလူရဲ့ စကားလုံးတွေက..အဆင်ပြေတယ် လို့ တွေးမိပေမယ့်..နောက်ပိုင်းမှာ..တစ်ခုခု မူမမှန်တာကို..သတိထားမိလိုက်တယ်..။

ထပ်ပြောရင်..ဒီလူ စင်ပေါ်မှာ..စကားပြောတာက ပြီးဆုံးဖို့..အစီစဥ် မရှိသေးပါဘူး..။ကြည့်ရတာ သူ့မှာပြောစရာ တွေ အများကြီး ရှိနေတဲ့ပုံပါပဲ..။

"ခေါင်းဆောင် တစ်ဆိတ်လောက်..။အစောက စကားက ဘာကို ဆိုလိုတာလဲဆိုတာ မေးလို့ရမလား..။ကျွန်တော် နားမလည်လို့.."

လင်းဖန် အားမနာတော့ပဲ..  ဖြတ်ပြီး ပြောလိုက်တာပါ..။သူ ဒီလူကို စင်ပေါ်မှာ ဆက်ပြီး  မပြောစေချင်တော့ပါဘူး..။

ချန်ရှိီ အနည်းငယ် ကြောင်အသွားပြီး..စိတ်မကြည်မလင် ဖြစ်သွားခဲ့တယ်..။သူစကားပြောတဲ့ အချိန်ဆိုမှာ တစ်ခြားလူက လာပြီး ဖြတ်ပြောတာကို သူ အမုန်းဆုံးပါပဲ..။သို့ပေမယ့် အခုက မာစတာလင်း ဖြစ်နေမှတော့..စိတ်ထဲသိပ်ပြီး ထားမနေတော့ပေ..။ယင်းနောက် သူ ရှင်းပြလိုက်တယ်..။

"မာစတာလင်း..ကျွန်တော်တို့က နန်ရှမ်းဂေဟာကို စိတ်ထဲမှာ တန်ဖိုးထားတယ်လေ..။ပြီးတော့..နန်ရှမ်းဂေဟာမှာ စာသင်ကျောင်းထားရှိမယ့် အကြံဥာဏ်ကလည်း တကယ်ကို ကောင်းမွန်တယ် ဆိုတာ လက်ခံတယ်..။သို့ပေမယ့်  ဒါက..ကျုပ်တို့  ဌာနရဲ့..စီမံကွပ်ကဲ မူ အောက်မှာ သေချာရှိနေဖို့ လိုအပ်တယ်မလား..။ကျုပ်တို့က နန်ရှမ်းဂေဟာရဲ့..စာသင်ကျောင်းကို ရှန်ဟိုင်းရဲ့ ပထမဆုံး ဂေဟာ စာသင်ကျောင်းအဖြစ် လူအင်အား..ကြိုစားမူတွေရော ပုံအပ်ပြီး..စည်းမျဥ်း စည်းကမ်းတွေပါ ချမှတ်သွားပေးမှာပါ.."

"အဲတာကရော ဘာကို ဆိုလိုတာလဲ..။တစ်ခြားကျောင်းတွေနဲ့ တစ်ခုတည်းသော ကွာခြားချက်က ဒီကလေးတွေပဲ ဖြစ်တော့မှာပေါ့..."

လင်းဖန် မေးလိုက်တာပါ..။

"မှန်တယ်.."

ချန်ရှီ ပြုံးပြီး ပြန်ဖြေလိုက်တယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ကျွန်တော် ထပ်ပြီး တစ်ခုလောက် မေးပါရစေဦး..။ခေါင်းဆောင်ရဲ့ အစီစဥ် အရဆိုရင်တော့..ဆရာတွေ ရဲ့ ရာထူး..ပြီးတော့ ကျောင်းအုပ်နဲ့ တစ်ခြား အရာတွေ အတွက် ဘယ်သူက စီမံရမှာလဲ.."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now