656 - 660

338 23 0
                                    

A Valiant Life 656
အပိုင်း ( ၆၅၆ ) ချက်ချင်း ဒေါသ ထွက်မူ..

#ဘာသာပြန် = စနိုးဝှိုက်

အိမ်တွင်..။

ဒါပေါ့ ရူဇီလီ ဘာတွေတွေးနေတာလဲ ဆိုတာကို လင်းဖန် သိထားပါတယ်..။သို့ပေမယ့် ဝမ်မင်ယန် က သူ့ အကြောင်းကို ပိုသိမှာပါ..။သူ စကား တွေ အများကြီး ပြောထားပြီ ဆိုမှတော့..ဝမ်မင်ယန် နားမလည်နိုင်စရာ အကြောင်းမရှိလောက်ပါဘူး..။

လင်းဖန် ဝမ်မင်ယန် ရဲ့ မျက်လုံးထဲကို ကြည့်တဲ့ အချိန်မှာလည်း သူ နားလည်တယ် ဆိုတာ ထင်ရှားပါတယ်..။

သူ လုပ်ဆောင်ခဲ့တာက ကောင်းပါတယ်..။ဘာလိူ့လဲဆိုတော့ လင်းဖန် ကိုယ်တိုင် ရှောင်ယွဲ့ကို တိုက်ရိုက် ပြောစရာ မလိုတော့ပါဘူး..။

ညအချိန်..။

လူအများကြီးဟာ အိပ်မပျော်နိုင်ကြပေ..။

ဒါပေါ့..ဝမ်မင်ယန် နဲ့ ရူဇီလီ  ဆိုရင် ပြောစရာ တောင် မလိုတော့ပါဘူး..။

ရှောင်ယွဲ့ ဟာလည်း အိပ်ယာထဲမှာ လှဲနေပြီး..ဒီနေ့အဖြစ်အပျက်တွေကို ပြန်တွေးနေခဲ့တယ်..။ချန်းဟီဆိုတာက အကောင်ကြီး တစ်ယောက်ပါ..။ထုတ်လုပ်ရေး စကတည်းက..ချန်းဟီက သူမကို မရိုးသားတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာ သူမ သတိထားမိပါတယ်..။သို့ပေမယ့် သူမ သူ့ဆီက သစ္စာဖောက်မူကို မခံစားလိုက်ရပါဘူး..။ဒါက သူမ  ကျည်ဆန်တစ်တောင့်ကို ရှောင်နိုင်လိုက်တယ်လို့ လည်း ပြောလို့ရပါတယ်..။

ရှောင်ယွဲ့ အကူညီမဲ့စွာပဲ..မာစတာ လင်း အကြောင်းကို တွေးမိသွားခဲ့တယ်..။သူမ လင်းဖန် အကြောင်းကို သိပ်မသိပါဘူး..။သူမ ဝိုက်ဘိုမှာသာ တွေးဖူးတာ ဖြစ်ပြီး..ဒီနေ့ညက ပထမဆုံး အကြိမ် တွေ့ဖူးတာပါ..။သူမ လင်းဖန် အကြောင်းကို ပိုပြီး သိချင်စိတ် ဖြစ်မိနေခဲ့ပါတယ်..။

အထူးသဖြင့် ညစာစားပွဲတုန်းက သူ့ရဲ့ အပြုအမူ တွေက သူမရဲ့ နှလုံးသားထဲအထိ ဝင်ရောက် နိုင်ခဲ့ပါတယ်..။သူက သူမ အရင်မြင်ဖူးခဲ့တဲ့ လူတွေ နဲ့ လုံးဝ မတူပါဘူး..။

"အမှန်တကယ်ပဲ..သူက ဘယ်လိုလူစားမျိုးလဲ.."

ရှောင်ယွဲ့ သိချင်စွာ ရေရွတ်လိုက်တယ်..။သူမ ရဲ့ ဆံပင်အရှည်ဟာ ပုခုံးပေါ်ကျနေပြီး..ကုတင်ရဲ့ နောက်ဖက်မှာ မှီကာ ထိုင်နေခဲ့ပါတယ်..။ယင်းနောက် သူမ ဖုန်းကို ထုတ်ပြီး မာစတာ လင်း အကြောင်းတွေကို ရှာဖတ်ကြည့်လိုက်တယ်..။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Nơi câu chuyện tồn tại. Hãy khám phá bây giờ