686 - 690

381 22 0
                                    

A Valiant Life 686
အပိုင်း ( ၆၈၆ ) 

#ဘာသာပြန် = စနိုးဝှိုက်

ကြည့်ရူသူတွေ အကုန်လုံး ကြောင်အနေခဲ့ကြတယ်..။သူတို့  ချင်းထျန်ဘေ ပြိုင်ပွဲစတင် ကတည်းက အားပေးလာကြတာ ဖြစ်ပေမယ့်..ဒီလိုအဖြစ်အပျက်မျိုးတော့..တစ်ခါမှ  မမြင်ဖူးခဲ့ပါဘူး..။

သူက..အကွေ့တွေရောက်ရင်တောင် အရှိန်ကို မေလျာ့ပဲ.. အဲဒီအစား ထပ်ထပ် မြင့်တင်နေခဲ့တာပါ..။ဒီလိုမျိုး လုပ်နိုင်ဖို့ ဘယ်လောက်တောင် လေ့ကျင့်ထားရတာလဲ..။

ခနကြာပြီးနောက်..။

မျက်စိစူးလောက် တဲ့..ကားမီးရောင်တစ်ခု လာနေတာ မြင်နေရပြီး..သိပ်မကြာခင်မှာပဲ..ပြိုင်ကားလေးဟာ..ပရိတ်သတ်တွေရဲ့ ရှေ့ကို ရောက်လာခဲ့တယိ..။

*ကျွီ...*

ကား ဘရိတ်ဆွဲတဲ့ အသံကို ကြားလိုက်ကြရပါတယ်..။

ပြိုင်ကားတစ်စီးဟာ ပန်းဝင်သွားခဲ့ပါပြီ..။

ပရိတ်သတ်တွေ အကုန်လုံးဟာ ကားကို မြင်တဲ့ အချိန်မှာ လုံးဝ ဆွံ့အသွားခဲ့တယ်..။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ..။၁၂ မိနစ်ထဲနဲ့..။အရင်တစ်ခေါက် တင်ထားတဲ့..ချင်းထျန်ဘေ ပြိုင်ပွဲ..စံချိန်တင် အမြန်နှုန်းက..၂၃ မိနစ်လေ..။သူက အဲတာကို ဘယ်လိုဖြစ်ပြီး..."

"ငါ့ကို တစ်ချက်လောက် ရိုက်လိုက်စမ်းပါ..ဒါ အိပ်မက်မက်နေတာလား..။ဒါကြီးက မဖြစ်နိုင်ဘူးနော်..."

"အမှန်ပဲ..ဘယ်လို ဖြစ်နိုင်မှာလဲ..။သူက ဘယ်လိုဖြစ်ပြီး..အရမ်းမြန်မြန် မောင်းနိင်နေတာလဲ..."

လင်းဖန်...ပန်းဝင်တဲ့ စည်းကို ရောက်တာနဲ့..စွယ်စုံကျမ်းရဲ့ အသိပေးချက်က ထွက်ပေါ်လာခဲ့ပါတယ်..။

"မစ်ရှင် ပြီးမြောက်သွားပါပြီ  : ချင်းထျန်ဘေ ပြိုင်ပွဲ ချန်ပီယံ စွယ်စုံ အမှတ်  ၂၀ "

"၁၆ ခုမြောက်  အသိပညာအခန်းကို ဖွင့်လှစ်ပေးပါမယ်..။ဒါပ..၁၆ ခုမြောက် အသိပညာ အခန်းဖြစ်သည့်အတွက်..ပိုင်ရှင်နှင့် ရင်းနှီးသည့် လူတစ်ယောက် အား ရွေးချယ်သွားမည်ဖြစ်သည်.."

"ဆက်နွယ်သည့်..လူအားရွေးချယ်ရန် ကျဆုံးခဲ့သည်...။၁၆ ခုမြောက် အသိပညာအား ရွေးချယ်နေပါပြီ..။အပင်စိုက်ပျိူးခြင်း ..အဓိက အသိပညာ ဘာသာရပ်၏ အကိုင်းအခွဲဖြစ်သည့်. သဘာဝ ရူခင်း သာယာစေခြင်း .ဥယာဥ် ခင်းကျင်းမူ..အသိပညာ အခန်းဟာ..ဖွင့်လှစ်ပေးလိုက်သည်..."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now