786 - 790

335 18 0
                                    

A Valiant Life 786
အပိုင်း ( ၇၈၆ )  ပြသနာတွေ အများကြီးပဲ..

#ဘာသာပြန် = စနိုးဝှိုက်

အစည်းအဝေး ခန်းထဲတွင်..။

အလုပ်သမားတစ်ယောက်ဟာ..လဖက်ရည် ခွက်တွေ ပြင်ဆင်နေခဲ့တယ်..။သို့ပေမယ့် ဒီမှာ ရွေ့ပြောင်း အလုပ်သမားတွေ အများကြီး ရှိနေတာကြောင့် သူတို့ လူစေ့အောင်တော့..လဖက်ရည် မပြင်ဆင်နိုင်ခဲ့ပါဘူး..။

သတင်းထောက်တွေဟာလည်း မပြန်ကြသေးပဲ အခြေအနေကို စောင့်ဆိုင်းနေခဲ့ကြပါတယ်..။

လင်းဖန် ပြောလိုက်တယ်..။

"ခေါင်းဆောင်ဝမ် ကျွန်တော်တို့..ဘာလုပ်သင့်တယ်လို့ ထင်လဲ.."

"ဒါက.."

ခေါင်းဆောင်ဝမ် ခနလောက် တွေဝေသွားခဲ့တယ်..။

"မာစတာလင်း..အခုဘာတွေ ဖြစ်နေတာလဲ ဆိုတာ ကျွန်တော်ကို အရင်ပြောကြည့်ပါလား..။ကျွန်တော် အခြေအနေကို သေသေချာချာ နားလည်ထားမှ မဖြေထုတ်ဖို့ဆိုတာက ဖြစ်နိုင်မှာလေ..."

"ကောင်လေး ကျိုး..သူ့ကို ရှင်းပြလိုက်ပါဦး.."

လင်းဖန် က အခြေအနေကို  သိထားပြီးပြီ ဆိုပေမယ့်..တကယ်ကြုံနေရတဲ့ လူတွေ လောက်တောင် သိနိုင်မှာ မဟုတ်ပါဘူး..။

ကောင်လေးကျ်ိုးကတော့ အနည်းငယ် ကြောက်ရွံ့နေခဲ့တယ်..။ဒါက..သူ အင်အားကြီးပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်နဲ့ ပထမဆုံးအကြိမ်တွေ့ဖူးတာပါ...။သို့ပေမယ့် ဒီကိစ္စက..လူတွေ အများကြီးရံ့ လစာနဲ့ သက်ဆိုင်နေတာ မို့လို့ သူ သေချာ ပြောပြမှ ရပါမယ်...။

သူ အရာရာ တိုင်းကို ပြန်ပြောပြခဲ့ပြီး..ဘာတစ်ခုမှ ဖုံးကွယ် မထားခဲ့ပေ..။

ပြီးတဲ့ နောက်မှာတော့ ခေါင်းဆောင်ဝမ်ဟာ တိတ်ဆိတ်သွားခဲ့တယ်..။ဒါက..အဖြေထုတ်ဖို့ ခက်ခဲတဲ့ ပြသနာ တစ်ခုလိုပါပဲ..။
.
ဒီလူတွေရဲ့ အထက်မှာ ရှိနေတာက အလုပ်သမားရေးရာက ဖြစ်ပြီး..သူတို့ရဲ့ အထက်မှာကတော့ ဆောက်လုပ်ရေး ကုမ္ပဏီက ရှိနေခဲ့တာပါ..။ဒီဆောက်လုပ်ရေး ကုမ္ပဏီတွေက..ဒီလို..ဆောက်လုပ်ရေး တွေရဲ့ အက္ခရာပါပဲ..။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now