281 - 285

493 29 0
                                    

A  Valiant Life 281
အပိုင်း  ( ၂၈၁  )   မစ်ရှငိပြည့်မြောက်သွားပြီ..

ဘာသာပြန် =  စနိုးဝှိုက်

သူ့ကတ်တွေက တစ်  သုံးလုံးဆိုတာ မြင်သွားတဲ့ အချိန်မှာ..ချန်းလီဟောင်  အရမ်းကို စိတ်လှုပ်ရှားသွားခဲ့တာပါ..။ဒီကတ် တွေနဲ့ ဆိုရင် မနိုင်စရာ အကြောင်း မရှိတော့ပါဘူး.။ဒါတွေက အကောင်းဆုံးကတ်တွေ လို့တောင် ပြောလို့ရနေပါပြီ..။

သူဆက်တိုက်ရှုံးနိမ့်ခဲ့တာတွေကို  စိတ်သက်သာရာ ရသွားခဲ့ပါတယ်။

သို့ပေမယ့် သူ့ရဲ့ စိတ်လှုပ်ရှားမူတွေက ခပ်ကြာကြာတောင် မခံလိုက်ပဲ.လင်းဖန်ကြောင့်  ကြောင်အသွားခဲ့ရတယ်..။

လင်းဖန်ရဲ့ ကတ်နှစ်ကတ်က ဘာမှ သိပ်မဟုတ်ပေမယ့်  နောက်ဆုံး တစ်ကတ်ကတော့ သူ့ကို  ကြောက်ရွံ့စေခဲ့ပါတယ်။

ဝမ်မင်ယန်  လည်းကြောင်အနေခဲ့တယ်။သူ ဘာပြောရမှန်းတောင် မသိတော့ပါဘူး.။ကစားပွဲ တစ်ခုလုံးက  ရူးသွပ်ဖို့ကောင်းပါတယ်..။အထူးသဖြင့် လင်းဖန်ရဲ့ အေးဆေးပြီး သက်တောင့် သက်သာ ဖြစ်နေတဲ့ ပုံစံပါ..။

သူက တစ်ပွဲလုံးကို ထိန်းချုပ်ထားတာများ ဖြစ်နေနိုင်မလား....

လူအုပ်ထဲတွငိ..။

"ငါ့ နှလုံးခုန်သံတွေ တော်တော်မြန်နေပြီ.."

"ဟုတ်တယ်  အတော်စိတ်လှုပ်ရှားဖို့ကောင်းတာပဲ..။နောက်ဆုံးတစ်ကတ်က ဘာကတ်များ ဖြစ်နိုင်မလဲ.."

"ဘယ်သူ သိမှာလဲ.."

"လီဟောင် နောက်ဆုံးတစ်ကတ်ကို  ဖွင့်တောင် မဖွင့်ရဲတော့ဘူး..။ကြည့်ရတာ သူ့ရဲ့ ယုံကြည်မူတွေ ပျောက်ကုန်ပြီ ထင်တယ်.."

"ဝိုး..သူ ဒီလိုဖြစ်လာမယ်လို့ မထင်ထားဘူးထင်တယ်..။တကယ်လို့ သူ သိရင် ဒီလိုမျိုး ကစားမှာ မဟုတ်ဘူး.."

"လီဟောင်  ဒီနေရာမှာ ရှုံးတာက တစ်ခြားနေရာတွေမှာ ရှုံးတာထက်စာရင်..တော်ပါသေးတယ်.."

ဘေးနားက လူတွေ ပြောနေကြတဲ့ စကားတွေ အကုန်လုံးကို  လီဟောငိ ကြားနေရပါတယ်။

နောက်ဆုံးတစ်ကတ်က သူ့အနားမှာ ရှိနေပေမယ့်ခည်း မိုင်တွေ ထောင်ချီဝေးနေသလိုပါပဲ။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now