861 - 865

197 14 0
                                    

A Valiant Life 861
အပိုင်း ( ၈၆၁ )

#ဘာသာပြန် = စနိုးဝှိုက်

"မာစတာလင်း ထွက်လာပြီ.."

သတင်းထောက်တွေဟာ လင်းဖန် ဆီကို လျောက်သွားလိုက်ပြီး..ဓာတ်ပုံတွေ ရိုက်လိုက်ကြတယ်..။

ဒေါက်တာတွေဟာလည်း ရှေ့ကို တက်သွားလိုက်ကြပြီး ဆန်းကျယ်တဲ့ ကိစ္စတွေ တကယ်ဖြစ်ပေါ်နေပြီလား ဆိုတာကို စစ်ဆေးကြည့်လိုက်ပါတယ်...။တကယ်လို့..ဒီ လောင်ကျွမ်းခံရတဲ့ မိန်းကလေးသာ..သူမရဲ့ အသွင်အပြင်ကို ပြန်ရမယ် ဆိုရင်..ဒါက အကုန်လုံးကို အံ့ဩသင့်စေမယ့် ကိစ္စပါပဲ..။

ယင်းနောက် လင်းဖန် လျောက်ထွက်လာခဲ့ပါတယ်..။လူတွေ အများကြီးက အပြင်မှာ စောင့်နေလိမ့်မယ်လို့ သူလည်း မထင်ထားခဲ့ပါ့ဘူး...။သူ ပြုံးလိုက်ပြီး..

"ခင်ဗျားတို့ အကြာကြီး စောင့်နေကြတာလား..."

လူအုပ်ကြီးကတော့..မာစတာလင်း ခွဲစိတ်ခန်းထဲက တစ်ယောက်တည်း ထွက်လာခဲ့တာကြောင့် ကျဆုံးပြီလို့ ခံစားနေကြရပါတယ်..။

ဒေါက်တာ တွေ အတွက်ကတော့..သီအိုရီ အရပါ မဖြစ်နိုင်တာကြောင့်..ဒီလို ခံစားချက်မျိုးကို ပိုပြီး ရနေခဲ့တယ်..။အံ့ဩစရာတွေ ဖြစ်လာနိုင်ချေက အရမ်းကို နည်းပါလှပါတယ်..။

သိူ့ပေမယ့် သတင်းထောက်တွေကတော့ ဒါကို ဂရုမစိုက်ကြပေ..။

"မာစတာလင်း ဂျင်ရှန်ပင်း အခြေအနေ ဘယ်လိုရှိလဲ.."

"သူမ ရုပ်ရည်က မူလအတိုင်း ဖြစ်သွားပြီလား..."

"မာစတာလင်း..."

သတင်းထောက်တွေဟာ ဆက်တိုက်မေးနေခဲ့တယ်..။မာစတာလင်း အောင်မြင်ရဲ့လားဆိုတဲ့ နောက်ဆုံးရလာဒ်ကို သူတို့ သိချင်နေခဲ့ပါတယ်..။ဒါက တကယ်ကို သတင်းကြီးတစ်ခု ဖြစ်တော့မှာပါ..။သူတို့ နဲ့ မာစတာလင်းရဲ့ ဆက်ဆံရေးကြောင့် မာစတာလင်း ကျဆုံးသွားမယ် ဆိုရင်တောင် သူတို့က ထိုးနှက်စေတဲ့ စကားလုံးတွေနဲ့ သတင်းရေးသားမှာ မဟုတ်ပါဘူး..။သူတို့  မာစတာလင်း ဖက်ကတောင် အနည်းငယ် ကာကွယ်ပေးနိုင်ပါတယ်..။

မာစတာလင်းက..သူတို့အပေါ် အတော်ကောင်းမွန်တာကြောင့်..မျက်နှာပျက်တဲ့အထိ မလုပ်ချင်ကြပေ..။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now