711 - 715

358 23 0
                                    

A Valiant Life 711
အပိုင်း ( ၇၁၁ )

#ဘာသာပြန် = စနိုးဝှိုက်

တိမ်ဖြူလမ်း..။

လင်းဖန် အနည်းငယ် သံသယဖြစ်နေခဲ့တယ်..။ရဲတွေကရော..။ဘာလို့..သူတို့က..လာပြီး မေးခွန်းမထုတ်ကြသေးတာလဲ..။ယန်ဂျင်က မတိုင်ကြားထားလို့လား..။

ဒါက လုံးဝကို နည်းလမ်း မကျပါဘူး..။

သိူ့ပေမယ့်..အနည်းငယ် တွေးကြည့်ပြီး နောက်မှာ လင်းဖန် သဘောပေါက်လိုက်တယ်.။မနေ့က သူ ရိုက်ခဲ့တဲ့ ရိုက်ချက်တွေက..နာကျင်ရတယ် ဆိုပေမယ့်..အမာရွတ် တွေတော့ ထင်ကျန်ခဲ့တာ မရှိအောင် လင်းဖန် အထူးနည်းလမ်း တစ်ခုကို သုံးခဲ့ပါတယ်..။ဒီတော့..ရဲဌာနတွေ အနေနဲ့ ဒဏ်ရာကို စစ်ဆေးချင်တယ် ဆိုရင် ပြသနာ ရှိပါ အမှန်ပါပဲ..။

ဒါက လင်းဖန် အပေါ် စုံစမ်း စစ်ဆေးမူ အနည်းငယ် လုပ်ပြီး ဒဏ်ကြေးရိုက်ရုံနဲ့ပဲ ..ပြီးဆုံးလောက်မှာပါ..။

ဝိုက်ဘိုတွေ..။

ဆယ်လီတွေ အများကြီးဟာ အံ့ဩနေကြပေမယ့်..ဘယ်သူမှတော့ ပါးစပ်မဟ ရဲ့ကြပေ..။

အရက်တုန်းက မာစတာလင်း ဆိုရင်တော့ တစ်ခြား ဆယ်လီတွေဟာ..ပို့စ်တွေတင်ကြပြီး..ယန်ဂျင်ဘက်က   ရပ်တည်ကာ သစ္စာရှိကြောင်း ပြကြမှာပါ..။

သို့ပေမယ့် ဒီနေ့ မာစတာလင်းက တော့..မတူတော့ပါဘူး..။သူက..အတော်ကို ကျော်ကြားနေပြီး..ရှုပ်ချင်တိုင်း သွားရှုပ်လို့ ရတဲ့လူလဲ မဟုတ်ပေ..။

ထပ်ပြောရရင် မာစတာလင်းရဲ့ ပရိတ်သတ်တွေ..က..အတော်ကို ဆိုးရွားပြီး ကြောက်ဖို့ ​ကောင်းကြပါတယ်..။ပြီးခဲ့တဲ့ မတော်တဆ မူတုန်းကလည်း..ဝူရွှန်းယွဲ့ဟာ..သရီးဆမ်း ကိစ္စကြောင့် ဘဝအဆုံးသတ်ခါနီးပါးပါပဲ..။သို့ပေမယ့်..မာစတာလင်း..ဝန်ခံလိုက်တဲ့ အချိန်မှာ အခြေအနေက လုံဝကို ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်..။

ဒါက ဒီအခြေအနေကို အနီးကပ် စောင့်ကြည့်နေတဲ့ ဆယ်လီတွေကို အံ့ဩသင့်စေပြီး တစ်ချိန်တည်းမှာပဲ..မနာလိုဖြစ်စေပါတယ်..။

သူတို့မှာကျတော့..ဘာလို့ဒီလို သန်မာတဲ့ ပရိတ်သတ် မရှိရတာလဲ..။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now