676 - 680

342 23 0
                                    

အပိုင်း ( ၆၇၆ )

'မြစ်ပေါင်းတစိထောင်နဲ့ တောင်တန်များ..' ပန်းချီကားက အတော်ကို ကြီးမားတာပါ..။တကယ်လို့..စိတ်ဝင်စားစရာ အကောင်းဆုံး ပန်းချီကားကို ပြပါဆိုရင် ကျိန်းသေ ဒီပန်းချီကားပါပဲ..။

လှပတဲ့ ဆေးရောင်တွေ...ခမ်းနားမူ...ကြီးကျယ်မူ..

သို့ပေမယ့်..အံ့ဩဖို့ အကောင်းဆုံး ပန်းချီကားကို ပြပါဆိုရင်တော့ ဒါက ကျိန်းသေ..'ချင်မင်းပွဲတော်က မြစ်ရိုးတစ်လျောက်' ပန်းချီကားပါ..။တကယ်လို့ သူတို့သာ.အနုပညာ ပြပွဲခန်းမထဲဝင်သွားရင် ဘယ်နိုင်ငံကမှ နှိုင်ယှဥ်လို့ ရတော့မှာ မဟုတ်ပေ..။

ပြောစရာ မလိုအောင်ပဲ..သူက မာစတာလင်းပါ..။အခုချိန်မှာ အဖွဲ့အစည်းက ရှုံးချင်ပါတယ် ဆိုရင်တောင်..သူ့ရဲ့ ပန်းချီကားတွေိနဲ့ ဆိုရင် ရှုံးနိမ့်ဖို့က မဖြစ်နိုင်ပါဘူး..။လင်းဖန် ဆိုတဲ့ လူက..တစ်ခုခုကို လုပ်တော့မယ် ဆိုရင် အာရုံစိုက်မူ အပြည့်နဲ့..အကောင်းဆုံးလုပ်တတ်တဲ့ လူမျိုးပါ..။

"သူဌေး..ကျွန်တော်ကို..ပေါက်စီ ဆယ်ခြင်းလောက်ပေးပါလား..."

လင်းဖန်  ဆိုင်တစ်ဆိုင်ကို ဝင်သွားပြီး မနက်စာစားဖို့ ပြင်ဆင်နေခဲ့တာပါ..။သူ့မှာ စွယ်စုံကျမ်းရဲ့ အားဖြည့်မူတွေ ရှိနေတယ်ဆိုပေမယ့်..အစာမစားပဲ နဲ့တော့ အသက်ရှက်နိင်မှာ မဟုတ်ပါဘူး..။ဒီပန်းချီကားတွေကို ဖန်တီးဖို့က..သူ ခွန်အားတွေ အများကြီး သုံးခဲ့ရတာပါ..။

မနက်စာစားနေကြတဲ့..လူတွေအကုန်လုံးဟာ..လင်းဖန် ပြောနေတဲ့ စကားတွေကို ကြားပြီး အံ့ဩသင့်စွာ လှည့်ကြည့်လိုက်ကြတယ်..။ဒါက နည်းနည်းများသွားပြီ မဟုတ်ဘူးလား..။ပေါက်စီ ဆယ်ခြင်းစားနိုင်ဖို့ ဆိုရင် အစားနတ်ဘုရား တစ်ပါး ပြန်မွေးဖွားလာမှပဲ..ရမှာပါ..။

သို့ပေမယ့် သူ မသိတာက..လင်းဖန် က ရက်အနည်းငယ်လောကိ မစားရသေးဘူး ဆိုတာပါပဲ..။ဒါက သူ့ရဲ့..ခွန်အားတွေကြောင့်သာ မဟုတ်ရင် အစောကြီးကတည်းက လဲကျသွားခဲ့မှာပါ..။

"ဟီးဟီး..ဟိုလူတွေ ငါ့ရဲ့ ပန်းချီကားကို ကြည့်နေကြပြီလား မသိဘူး.."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now