A Valiant Life 81
အပိုင်း ( ၈၁ ) တတိယမြောက် စာရွက်ပွင့်
သွားခြင်းဘာသာပြန် = စနိုးဝှိုက်
ဝူတန်ဟီဟာ သူ့သမီးကို ကယ်နိုင်မလား လို့ လင်းဖန်ကို စိတ်အား ထက်သန်စွာ ကြည့်နေခဲ့ပါတယ်။
မာစတာ လင်း စဥ်းစား နေတယ်ဆိုတာ ကိုသူသိပါတယ်။ဒါက တစ်မုထူးခြားတဲ့ ဇာတ်လမ်းတစ်ခုပါ။ဒါက ပုံမှန် ကံကြမ္မာကို ပြောင်းလဲတာနဲ့ မတူပဲ လူတစ်ယောက်ရဲ့ မွေးဖွားမူ ဇယားတွေကို ပါပြောင်းလဲရမှာပါ။
တကယ်လို့ မာစတာလင်းရဲ့ မွေးဖွားမူ ဇယားသာ လုံလောက်အောင် မခိုင်မြဲရင် သူ့သမီးကြောင့် မာစတာ လင်း သေတုံးသွားနိုင်ပါတယ်။
နောက်ဆုံးတော့ လင်းဖန် စတင်ပြီး စကားပြောလာခဲ့သည်။
"ဒါက ရိုးရှင်းတဲ့ ကိစ္စမဟုတ်တာ ခင်ဗျား သိသင့်တယ်"
ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြောလိုက်ပါတယ်။
"မာစတာ လင်း ဒါက မရိုးရှင်းဖူးဆိုတာ ကျွန်တော် သိပါတယ်။"
လင်းဖန် ထပ်ပြောလိုက်သည်။
"ခငိဗျား သမီးရဲ့ မွေးဖွားမူ ဇယားက အတော်ကို ဆိုးရွားတာ။ဒါက တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲတာထက်တောငိ ပိုပြီးခက်ခဲသေးတယ်"
"ကျွန်တော် ဒါကို သိပါတယ်။ဒါက အတော်ကို ခက်ခဲတယ်"
ဝူတန်ဟီ ဟာ ခေါင်းညိမ့်လိိုက်ပြီး သူ့ကံတရားကို စမ်းသပ်လိုက်ပါတယ်။ဒီမာစတာ လင်းဆီမှာ ကျိန်းသေ အဖြေတစ်ခုရှိတယ် လို့ သူခံစားနေရသည်။
"ထပ်ပြောရရင် ကျွန်တော်က ခင်ဗျားနဲ့ဆွေမျိုးလည်း မတော် စပ်ဘူးလေ။ဒါကို နားလည် မယ်လို့ ထင်ပါတယ်"
လင်းဖန်ဟာ ဘေးကျပ်နံကျပ် ဖြစ်နေခဲ့ပါတယ်။အမှန်တကယ်တော့ သူ့မှာ သူမကို ကူညီဖို့ နည်းလမ်းတစ်ခုရှိပြီးသားပါ။သူ့ရဲ့ ကောင်းမွန်လွန်းတဲ့ ကံတရားက သူမကို မျှခြေဖြစ်စေဖို့ လုံလောက်ပါတယ်။ဒါပေမဲ့ သူမက သူ့အနားမှာပဲ နေရမှာပါ။
ဝူတန်ဟီဟာ ကြည့်လိုက်ပြီး တိတ်ဆိတ်စွာ ခေါင်းညိမ့်လိုက်သည်။သူနဲ့ ဘာမှ မသက်ဆိုင်တဲ့ တစိမ်းတစ်ယောက်ကို ဒီလို အသက်အန္တရာယ် ရှိတဲ့ ကိစ္စမှာ အကူညီပေးခိုင်းတာက ခက်ခဲတယ် ဆိုတာကို သူသိပါတယ်။
YOU ARE READING
စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1
Adventureစွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင်လာခဲ့တယ်။ ဘယ်သူတွေကဘဲ လာပြီး ယှဥ်ပြိုင်ကြပါစေ။၊ ရှုံးနိမ့် သွားကြတာချည်းဘဲ။ လူတွေကပြောကြတယ်..။ "ညီအ...