516 - 520

376 27 0
                                    

A Valiant Life 516
အပိုင်း ( ၅၁၆ ) ကြမ်းတမ်းတဲ့ အစ်ကို ချွင်ချွင်..

#ဘာသာပြန် = စနိူးဝှိုက်

လင်းဖန် ရော..အစ်ကို ချွင်ချွင် ရော အကူညီ မဲ့့နေခဲ့ကြတယ်..။ဒီကိစ္စက လင်းဖန် အတွက်လည်း တကယ့်ကို ပြသနာ ပါပဲ..။

"တကယ်လို့ ပြောစရာ တစ်ခုခု ရှိရင် ငါတို့ နောက်နေ့မှ တွေ့ကြရအောင် ..။အခုက အတော် နောက်ကျနေပြီ.."

လင်းဖန် အချိန်ကို ကြည့်လိုက်တဲ့ အခါမှာ အတော် နောက်ကျနေခဲ့ပါပြီ..။ယင်းနောက် သူ အခန်းကို ပြန်ဖို့ လုပ်လိုက်တယ်..။

အစ်ကို ချွင်ချွင် သူ့ကို ဒီတိုင်း လွှတ်ပေးလိုက်ဖို့ စိတ်ကူး မရှိပါဘူး..။သူမ လင်းဖန် ရဲ့ ခါးကို လှမ်းဆွဲလိုက်တယ်..။သူမ မျက်နှာက အနည်းငယ် ခက်ထန် နေပေမယ့်..မိန်းမလှလေးတစ်ယောက် အနေနဲ့ ချစ်ဖို့ ကောင်းနေပါသေးတယ်..။

"မင်းသွားလို့..မရဘူး..။မင်း ငါ့ အခြေအနေကို တာဝန်ယူရမယ်.."

"ဘာကို တာဝန်ယူရမှာတုန်း..။မင်း စကားကို ရှင်းရှင်း လင်းလင်းပြောနော်..လူတွေကြားသွားရင် တစ်မျိုးထင်ကုန်လိမ့်မယ်.."

လင်းဖန်  ပြောလိုက်တာပါ..။

အစ်ကို ချွင်ချွင် ရဲ့ မျက်နှာမှာတော့ လေးနက်မူ တွေ  ရှိနေခဲ့တယ်..။သူမ လင်းဖန်ကို ကြည့်ပြီး ခေါင်းခါယမ်း လိုက်ကာ..

"မဟုတ်ဘူး..မင်းငါ့ကို ဒီနေ့ အဖြေပြန်ပေးရမယ်..။မဟုတ်ရင်..ငါ ပြန်မှာ မဟုတ်ဘူး.."

သူသာ..အခြေအနေတွေ ဒီလိုဖြစ်လာမယ်  ဆိုရင်..ဒီကိစ္စမှာ ဝင်ပါခဲ့မှာ မဟုတ်ပါဘူး..။ဒီအစ်ကို ချွင်ချွင်က သူကိုယ်တိုင်လာရှာပြီး..သူ့မ ဘဝကို ပြောင်းလဲ ခိုင်းခဲ့တာပါ..။

*ကျွီ..*

သူတို့ ဘေးနားမှာ ရှိတဲ့ အခန်းတံခါးဟာ ပွင့်သွားခဲ့တယ်..။

"ကောင်လေး..ငါ  မင်းတို့ ပြောတာတွေကို အကုနိကြားတယ်..။ဒါက မင်းရဲ့ အမှားပဲ..။မင်း တစ်စုံတစ်ယောက်ကို..ဒီလို အမှားကျူးလွန်ပြီးရင် တာဝန်မယူချင်လို့ မရဘူးလေ..။သူမက အခုတောင် သနားဖို့ ကောင်းနေပြီ..ဘယ်လိုဖြစ်ပြီး လုပ်နိုင်ရတာလဲ.."

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now