206 - 210

462 32 0
                                    

A Valiant Life 206
အပိုင်း ( ၂၀၆ )  ခြောက်ခုမြောက် အသိပညာ
                          အခန်း..ပွင့်ပြီ

ဘာသာပြန် = စနိုးဝှိုက်

လင်းဖန် ဒီစကားတွေကို ပြောနေတဲ့ အချိန်မှာတော့ ...ရှန်ိဟိုင်းမြို့ရဲ့ အိမ်တစ်အိမ်ထဲမှာ..သက်လတ်ပိုင်းလူကြီး တစ်ယောက်ဟာ ဇောချွေးတွေ ထွက်နေခဲ့ပါတယ်။

ဒါ ငါနဲ့ မဆိုင်ဘူး...ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူးလေ....

* ကလင်  ကလင်  *

ဂုဏ်သရေ  ရှိ ခေါင်းဆောင်ဟာ မေးလိုက်တယ်။

"ရှောင်လီ..မင်းဒီကိစ္စက ငါ့ကိုပြောသေးတယ်မလား..။မင်း ဒီ ဝမ်ရှန်းနဲ့ ပတ်သက်လား..မပတ်သက်ဘူးလား ဆိုတာကို ပြောစမ်းပါ"

ရှောင်လီ ပြန်ပြောလိုက်တယ်။

"ခေါင်းဆောင် ကျွန်တော် လူမှားပြီး ထောက်ခံမိပြီ။ဒီဝမ်ရှန်းက ..လူကုန်ကူးတဲ့ လူဆိုတာ ကျွန်တော် တကယ် မသိခဲ့ဘူး။ကျွန်တော်  ဒီကိစ္စကို တာဝန် မခံရဲတော့..ဘာမှမများကြီး မပြောခဲ့ဘူး။ဝမ်ရှန်း ဒီလောက ထဲမှာ ဘယ်လောက် ကျယ်ပြန့်တယ် ဆိုတာ ခေါင်းဆောင်လည်း သိပါတယ်။သူက နှစ်တိုင်း လူဒါန်းမူတွေလည်း လုပ်နေတာ ဆိုတော့..ကျွန်တော် လက်ကမ်းပြီး ကူညီပေးချင်မိယုံတင်ပါ။တကယ်လို့ ဝမ်ရှန်းသာ ဒီလို လူမျိုးမှန်းသိရင် ကျိန်းသေ ဒါမျိုးမလုပ်ပါဘူး"

ခေါင်းဆောင် ပြောလိုက်တယ်။

"အခြေအနေ စောင့်ကြည့်ရအောင်..သူတို့ တကယ်သာ.စစ်ဆေးရင် မင်းတော့ ပြသနာ အကြီးကြီး တက်နိုင်တယ်။ဒါပေမဲ့ မင်းဘာမှ မပတ်သက်သ၍ အဆင်ပြေပါတယ်"

သူဟာ ပြောပြီး ဖုန်းချလိုက်ပါတယ်။ရှောင်လီကတော့ ဆွံ့အနေခဲ့ပါပြီ။

ဘာတွေ ဒီလောက်ဖြစ်နေတာတုန်း..

သူကတကယ်ကံဆိုးတဲ့ လူတစ်ယောက်ပါ။တကယ်လို့ သူသာ ဒါမျိုးကြိုသိထားရင်..သူ့မှာ သတ္တိတွေ ဆယ်ဆလောက်ပြင်းထန် နေရင်တောင်.ဒါမျိုးလုပ်ရဲမှာ မဟုတ်ပါဘူး။

အခမ်းအနားပွဲတွင်။

စင်အောက်ဘက်မှာ ဆွေးနွေးမူတွေ ရှိနေခဲ့ပါတယ်။မာစတာ လင်း ပြောနေတာ ဘယ်သူလဲ ဆိုတာ သူတို့ စဉ်းစားလို့တောင် မရပါဘူး။

စွယ်စုံကျမ်း အရှင်သခင် - A Valiant Life ( လင်းဖန် ) Book 1Where stories live. Discover now