အခန်းထဲသို့ရောက်သည်နှင့် Taeအား ကုတင်ပေါ်အသာချကာ Jungkookဘေးတွင် ဝင်ထိုင်လိုက်သည်။ အရေးကြီးတာဆိုလို့ ဟိုဒင်းဟိုဟာလုပ်မယ်ထင်နေတာလား Taeလိုအဖြူထည်လေးကို Jungkookက ဖျက်စီးမယ်ထင်လို့လား။ ဝေးသေး
ငူငူကြီး ထိုင်နေသည့်Taeက အတွေးများနေပုံရသည်။ Jungkook Taeကို အတွေးများအောင် လုပ်လိုက်မိသည်လား။
" Tae ဘာတွေများတွေးနေလဲ "
" အဖေက ငါ့ကို မင်းစီရောင်းစားလိုက်တာ တကယ်လား "
မျက်ရည်လေးဝိုင်းကာ Jungkookလက်တစ်ဖက်အား အားကိုးတကြီးဆုပ်ကိုင်ကာ မေးလာပုံက Jungkookအပြောကို တကယ်ယုံသွားဟန်ပါပင်။
" ဒါပေါ့ Taeကို မောင့်စီရောင်းလိုက်တာ "
" အိ...အီးဟီး ဗြဲ... "
Jungkook ပြောလိုက်မှ မျက်လုံးထဲတွင်ရစ်သီနေသည့် မျက်ရည်တို့က ပါးပြင်ပေါ် စီးလာသည်။
Jungkook Taeမျက်နှာပေါ်က မျက်ရည်ကို လက်မနှင့်ဖိသုပ်ပေးလိုက်ကာ ရင်ခွင်ထဲထည့်လိုက်သည်။
ရင်ခွင်ထဲထည့်လိုက်တော့လဲ အလိုက်သင့်လေးပါလာကာ အငိုကတော့ မပျက်ပါပေ။
Jungkookအသာပြုံးရင်း Taeကျောလေးကို အသာပွတ်သပ်ပေးလိုက်သည်။"အင့် ဟင့် "
အငိုတိတ်သွားမှ ရင်ခွင်ထဲကထွက်ကာ သက်ပြင်းအသာချလေသည်။ ဒီလိုဆိုတော့လဲ ဒီကောင်က ဘယ်စိတ်ချမ်းတော့မတုန်းTaeရယ်
" ငါ...ငါ ခဏ အိပ်လို့ရလား "
တစ်ညလုံး မအိပ်ရသေးလို့ထင်ပါတယ်။
ပန်ဒါမျက်လုံးလေးဖြစ်နေတာတော့ စတွေ့ထဲက သတိထားမိတယ်။ အခုတော့ ငိုထားရလို့ ပင်ပန်းသွားသည်ထင်ပါ့ ခဏအိပ်ဖို့အတွက် လာခွင့်တောင်းလေသည်။ Jungkook ပြုံးရင်း ခေါင်းညိမ့်ပြလိုက်သည်။" Tae ကြိုက်သလောက် အိပ်လို့ရတယ် ဒါTaeပစ္စည်း ဒီတစ်အိမ်လုံးကို Taeပိုင်တယ် "
" ဟင် "
" ဟုတ်တယ် အရာအားလုံးTaeပိုင်တယ် မောင့်ကိုရော မောင့်နှလုံးသားကိုရော အားလုံးက Taeအပိုင် "
" ဘာ...ဘာတွေပြောနေတာလဲ "
" ထားပါတော့ Taeအိပ်တော့လေ တစ်ညလုံး မအိပ်ထားဘူးထင်တယ် "
YOU ARE READING
𝑰 𝑵𝒆𝒆𝒅 𝒀𝒐𝒖 𝑰𝒏 𝑴𝒚 𝑳𝒊𝒇𝒆
Fanfictionမောင့်ဘဝမှာ မောင့်Taeကိုပဲ လိုအပ်တာမို့ မောင့်ဘဝထဲ ပြန်လာပေးပါ ။ မောင်မင်းမရှိလို့ ရူးတော့မလိုပဲ မောင့်Taeရယ်။